Connect with us

Videos

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) သြဂုတ် ၂၄ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာပါ အကြံ ပြုချက်များကို အစိုးရအနေဖြင့် အကောင်အထည်ဖော်နိုင်မည် ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများနှင့် ပတ်သတ်ပြီး ကော်မရှင်က တစ်နှစ်ကျော်ကြာ လေ့လာစစ်ဆေးကာ ရခိုင်ပြည်၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်ရှိမှု၊ IDPကိစ္စများ ၊ လူအဖွဲ့အစည်းများအကြား ပေါင်းစည်းရေးနှင့် လုံခြုံရေး၊ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးစသည့် အခြေများကို အကြံပြုထားကြောင်းသိရသည်။ ယင်းအကြံပြုချက်များအား အကောင်အထည်မဖော်လျှင် နယ်မြေအခြေအနေပိုမိုယိုယွင်းလာနိုင်သော်လည်း ကော်မရှင်အနေဖြင့် အရေးယူမှုအပိုင်းကိုဆောင်ရွက်နိုင်ခြင်း မရှိဘဲ အကြံပေးမှုကိုသာ လုပ်ဆောင်နိုင်ကြောင်း ကိုဖီအာနန်က ဆိုသည်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် အရေးယူဆောင်ရွက်သွားရန် လိုအပ် ကြောင်း နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်လေ့လာ သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.