Connect with us

Videos

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ ကူညီ ထောက်ပံ့

ရန်ကုန် ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများအား အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အခမ်းအနားအား ယနေ့သြဂုတ် ၂၄ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံ အစိုးရမှ အချိန် ကြာရှည်စွာ အတွင်းမှာ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် ရောဂါ ကုသရေး လုပ်ငန်းကို များစွာ ကူညီ ထောက်ပံ့ပေးခဲ့ပြီး မြန်မာနိုင်ငံ ပြည်သူပြည်သားများ အကျိုးခံစားစေခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူများ၏ စေတနာကို စုစည်းထားသည့် အရေးပေါ် ကူညီထောက်ပံ့လာသည့် ဆေးဝါးပစ္စည်းများကြောင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ H1N1 ရောဂါကို စောလျှင်စွာ တိုက်ဖျက် အောင်မြင်နိုင်ပါစေဟု ပြောကြားခဲ့သည်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး ကဏ္ဍတွင် မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး မြန်မာ နိုင်ငံ အတွက် ကျန်းမာရေး ကဏ္ဍတွင် အရေးပါ အကျိုးကျေးဇူး ရလဒ်ကောင်းများ ရရှိလျက် ရှိပါကြောင်း ၊ မြန်မာနိုင်ငံ အတွင်း ရာသီ တုပ်ကွေးရောဂါ (Seasonal Influenza A/H1N1 pdm 09) ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို တရုတ် နိုင်ငံမှ ယခုလို လာရောက် လှူဒါန်းသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အတွက် လွှဲပြောင်းခြင်း ဆိုင်ရာ မှတ်တမ်းအား သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က အပြန်အလှန် လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံ H1N1 ရာသီ တုပ်ကွေး ရောဂါ တိုက်ဖျက်ရေး အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများအား နှစ်နိုင်ငံ အစိုးရ ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် တရုတ် နိုင်ငံ SINOPHARM ကုမ္ပဏီတို့ဝိုင်းဝန်း ကူညီပြီး စုစုပေါင်း တန်ချိန် ၂၈ တန်၊ တရုတ် ယွမ်ငွေ ၂၅ သန်း တန်ဖိုးရှိသော အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ယနေ့သြဂုတ် ၂၄ ရက်တွင် ရောက်ရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.