Connect with us

Videos

နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay ၏ မီဒီယာတွေ့ဆုံပွဲ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မီဒီယာတွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။

UnionPayသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ပိုမိုလုံခြုံစိတ်ချ၍လွယ်ကူချောမွေ့စေသည့် ငွေသားအသုံးပြုရန် မလိုသော ခေတ်သစ်ငွေပေးချေမှု တွင်ကျယ်လာစေရန် ကြိုးပမ်းလျက်ရှိရာ လက်ရှိတွင် AGD၊ AYA၊ CB ၊KBZ၊ MAB ၊MOB ဘဏ်များနှင့် ပူးပေါင်းပြီး Prepaidကဒ် ၊ Debit ကဒ်နှင့်Credit ကဒ် အမျိုးမျိုးကို ထုတ်ဝေခဲ့ကြောင်း၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်စွာ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် UnionPayကဒ်အသုံးပြုသူများသည် UnionPayကို အသုံးပြုနေသည့် City Martစသည့် စူပါမာကတ်များအပါအဝင် စားသောက်ဆိုင်၊ လက်လီလက်ကား ရောင်းချဆိုင်များတွင် လျှော့ဈေးဖြင့်ဝယ်ယူသုံးစွဲခွင့်ရမည်ဖြစ်သလို မြန်မာ့အမျိုးသား လေကြောင်းမှလည်း ၁၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.