Connect with us

Videos

ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် ( ၇၂) နှစ် မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၇၂ )နှစ် မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို  ယနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ တွင် ကျင်းပပြုလုပ်ခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တိုင်းရင်းသားညီအစ်ကိုများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည် ။

အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်ထူအလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပေးပို့သည့်  (၇၂ )နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖတ်ကြားတင်ပြခဲ့ သည် ။ ထို့နောက်  ဂုဏ်ပြုတပ်ဖွဲ့မှ ဂုဏ်ပြုတီးခတ်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့‌ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.