Connect with us

Videos

ရိုးရာမီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ဒရုန်းအစင်းပေါင်း ၁၁ဝဝ စင်းဖြင့်လှပစွာ ပုံဖော်

ယူနန်၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝေ့ရှန်မြို့ဟောင်းတွင် ရိုးရာမီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ဒရုန်းအစင်းပေါင်း ၁၁ဝဝ စင်းကို အသုံးပြုကာ ကောင်းကင်တွင် လှပစွာ ပုံဖော်ဖန်တီးခဲ့ကြောင်းသိရသည်။ ရိုးရာမီးထွန်းပွဲတော် မှာ ရီ လူမျိုးစု ရိုးရာပြက္ခဒိန်၏ ၆ လမြောက် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပလေ့ရှိသည့် အဓိကကျသော ပွဲတော်တစ်ခုဖြစ်သည်။ ရီလူမျိုးစုတို့မှာ ကောက်ပဲသီးနှံများကို ကောင်းစွာ ထွန်ယက်စိုက်ပျိုးနိုင်ရန်နှင့် ကံဆိုးမှုများကို ဖယ်ရှားနိုင်ရန်အတွက် မီးတိုင်များကို ထွန်းညှိ ကိုင်ဆောင်ကာ ပွဲတော် ကို ရှေးယခင်တည်းက ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပွဲတော်ကျင်းပခြင်းအားဖြင့် လူငယ်များကလည်း ၎င်းတို့၏ ကြင်ဖက်ကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အရေးရှိသည်ဟုလည်း ယူဆခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.