Connect with us

Videos

ရုရှားအာကာသယာဉ်မှူးများက အာကာသလုပ်ငန်းများပြီးစီးပြီးနောက် အာကာသပြင်ပလမ်းလျှောက်မှု အဆုံးသတ်

မော်စကို၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ရုရှားအာကာသယာဉ်မှူးများဖြစ်ကြသည့် Oleg Artemyev နှင့် Denis Matveyevတို့သည် အာကာသပြင်ပတွင်လုပ်ငန်းဆောင်တာများ ပြီးစီးပြီးနောက် အာကာသတွင်းလမ်းလျှောက်ခြင်းကို အဆုံးသတ်ကာ နိုင်ငံတကာအာကာသစခန်းရှိ ရုရှားနိုင်ငံ၏ အာကာသယာဉ်အပိုင်းထံသို့ပြန်လာခဲ့ကြောင်း ရုရှားနိုင်ငံ space corporation Roscosmos က ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အာကာသယာဉ်မှူးများသည် ဧပြီ ၁၉ ရက် မော်စကို စံတော်ချိန် ၁၈း၀၀ အချိန်တွင် ISS ၏ ရုရှားသုတေသန ဂြိုဟ်တု အဖုံးကို ဖွင့်ကာဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း Roscosmos က ဆိုသည်။
၎င်းတို့သည် အာကာသပြင်ပတွင် အချိန် စုစုပေါင်း ၆နာရီ၃၇ မိနစ်ကြာနေထိုင်ခဲ့ပြီး ISS ၏ ရုရှား ဂြိုဟ်တုအပိုင်းတွင် ထည့်သွင်းမည့် **ဥရောပ စက်ရုပ်လက်တံ ဖြင့် အဝေးထိန်းစနစ်ဖြင့် ခိုင်းစေနိုင်သည့် စနစ် ကို ပြင်ဆင်သည့် ပထမပိုင်းလုပ်ငန်းများကို အပြီးသတ်ခဲ့ကြောင်းသိရသည်။

Roscosmos မှ အာကာသယာဉ်မှူး Sergei Korsakov သည် အာကာသခရီးစဉ်တွင် လိုက်ပါသွားသည့် တတိယမြောက်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Nauka ဘက်စုံသုံးဓါတ်ခွဲခန်းထည့်သွင်းထားသော အာကာသယာဉ်၏ အတွင်းဘက် ထိန်းချုပ်ခန်းမှ manipulator ကို ထိန်းချုပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Roscosmos မှ ထုတ်ပြန်သည်။
ဧပြီ ၂၈ ရက်တွင် အာကာတွင်းနောက်တစ်ကြိမ် လမ်းလျှောက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုအေဂျင်စီက ထုတ်ပြန်ထားကြောင်းသိရသည်။ (Xinhua)

…………………………….
(English Version)
Russian cosmonauts finish spacewalk after completing work in outer space
MOSCOW, April 19 (Xinhua) — Russian cosmonauts Oleg Artemyev and Denis Matveyev completed their spacewalk after completing work in the outer space and have returned to the Russian segment of the International Space Station (ISS), Russia’s state space corporation Roscosmos said Tuesday.
The astronauts opened the hatch of the Poisk module at 18:00 Moscow time (1500 GMT) on Tuesday, according to Roscosmos.
They spent a total of six hours and 37 minutes in the outer space, and completed the first phase that aimed at preparing the European Robotic Arm remote manipulator system for operation on the Russian segment of the ISS. Roscosmos cosmonaut Sergei Korsakov, who was the third member of the expedition, controlled the manipulator from the internal control panel of the Nauka multi-purpose laboratory module, Roscosmos said.
The agency said the next spacewalk is scheduled for April 28. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.