Connect with us

Videos

အမေရိကန်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများအပေါ် ဆောလျှင်စွာကိုင်တွယ်ဖြေရှင်းသင့်

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေးများစနစ်တကျ ချိုးဖောက်ခံနေရသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ၏ အရင်းမြစ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည်ကို ဆောလျှင်စွာအဖြေရှာသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မီချီဂန် ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးလုပ်ဆောင်မှုတစ်ခုအတွင်း လူဖြူ ရဲအရာရှိတစ်ဦးက အာဖရိကန်နွယ်ဖွား အမျိုးသားတစ်ဦး အား အသက်ဘေးသင့်စေခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ် ဝန်ပင်းက ထိုသို့မှတ်ချက်ပြုခဲ့သည်။ အဆိုပါဖြစ်စဉ်၌ အမေရိကန်ပြည်ထောင်စု ၌ လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် ရဲတပ်ဖွဲ့၏အကြမ်းဖက်မှုများအပေါ် ပြင်းထန်စွာဝေဖန်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

“မိမိတို့အနေနဲ့ အမေရိကန် နိုင်ငံက လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေနဲ့ပတ်သက်လို့ နက်ရှိုင်းစွာ စိုးရိမ်ပါတယ်။ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ၊ သေနတ်ပစ်ခတ်မှုတွေ အကြမ်းဖက်မှုတွေဟာ တရားဥပဒေ စိုးမိုးမှုတွေမှာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ဒီကိစ္စတွေကို မကြာခဏဆိုသလိုတွေ့နေရတယ်ဆိုတဲ့ အချက်အလက်ကြီးမားစွာရှိနေသလို အဲဒီပြဿနာတွေဟာ နိုင်ငံအတွင်းမှာ ရေရှည်ဖြေရှင်းဖို့လိုအပ်တဲ့ စနစ်တကျ တည်ရှိနေ တဲ့ ပြဿနာတွေဖြစ်နေပါတယ်” ဟု ဝမ်က ဆိုသည်။

၂၀၂၀ ပြည့်နှစ်က လူမည်းအမျိုးသား George Floyd သေဆုံးချိန်မှစတင်ကာ တိုင်းရင်းသားလူနည်းစု ပြည်သူရာပေါင်းများစွာသည် အမေရိကန် အစိုးရ၏ တရားဥပဒေ ထိန်းသိမ်းရေးအရာရှိများ၏ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ အမေရိကန် မွတ်ဆလင် ၉၃.၇ ရာခိုင်နှုန်းက ၎င်းတို့သည် Islamophobia ဟု ခေါ်သည့် အစ္စလာမ်မုန်းတီးရေး အရိပ်အောက်တွင်နေထိုင်နေရကြောင်း၊ ၈၁ ရာခိုင်နှုန်းသော အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားများ အပေါ် အကြမ်းဖက်ခံရမှုအခြေအနေမှာ လည်းတိုးမြင့်လျက်ရှိကြောင်းသိရသည်။

အမေရိကန် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းရှိသည့် စပိန်စကားပြော ဟစ်စပန်းနစ်အနွယ်များသည် အမေရိကန် ၏ ကြွယ်ဝချမ်းသာမှု၏ ၂ ရာခိုင်နှုန်းသာပိုင်ဆိုင်ကြောင်းဝမ်က ဆိုသည်။

လူနည်းစု အရေးကိစ္စဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ Fernand de Varennes ၏ ပြောကြားချက်ကို ကိုးကား၍ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အမေရိကန်၏ တရားစီရင်ရေးစနစ်သည် ချမ်းသာသူများကို အခွင့်အရေးပေးရန်နှင့်ခွင့်လွှတ်ရန် ဆင်းရဲနွမ်းပါးသူများအား ပြစ်ဒဏ်များချမှတ်ရန် အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများအပေါ် တွင် အပြစ်ဒဏ်များကို ချမှတ်ရန် ဖြစ်ကြောင်းဆိုသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးဆုံး လက်နက်ဖြင့် အကြမ်းဖက်ခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်းနှစ်တိုင်းအစုလိုက် သေနတ်ပစ်ခံရမှုများဖြစ်ပွားခဲ့သည့်နိုင်ငံဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတွင်း သေနတ်ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူစုစုပေါင်း ၄၅,၂၂၂ ဦးရှိခဲ့ပြီး ၎င်းမှာ ၂၀၁၀ ပြည့်နှစ်ကထက် ၄၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။

“ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်အတွင်း အမေရိကန် ဖယ်ဒရယ်အစိုးရအနေနဲ့ သေနတ်ထိန်းချုပ်ရေးဥပဒေကို စမ်းသပ်ပြဌာန်းမှုလုပ်ဆောင်နိုင်ခဲ့ခြင်းတောင်မရှိခဲ့ပါဘူး” ဟု ဝမ်က ဆိုသည်။

“ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေနဲ့စပ်လျဉ်းပြီး အခြားနိုင်ငံတွေအပေါ် လက်ညှိုးထိုးခွင့်ရှိတဲ့အနေအထားမဟုတ်ပါဘူး၊ အမေရိကန်တို့လုပ်သင့်တာကနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့ လူ့အခွင့်အရေးအခြေအနေဆိုးဝါးလာမှုရဲ့ အရင်းမြစ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာကို ဆောလျှင်စွာအဖြေရှာသင့်ပါကြောင်း” ဆိုသည်။ (Xinhua)

…………………………
(English Version)
U.S. should earnestly tackle its deteriorating human rights situation: FM spokesperson
BEIJING, April 19 (Xinhua) — The United States is becoming a country where human rights are systemically violated, and it should earnestly reflect on how to address the root causes of the deteriorating human rights situation, a Chinese spokesperson said on Monday.
Foreign Ministry spokesperson Wang Wenbin made the remarks when asked to comment on the killing of a man of African descent by a white police officer during a law enforcement operation in Michigan. The incident once again sparked fierce criticism over racial discrimination and police violence in the United States.
“We are deeply concerned about the deteriorating human rights situation in the U.S. A large number of facts show that racial discrimination, gun crimes and violence in law enforcement do not exist in isolated and sporadic cases, but are long-term and systemic problems in the country,” Wang said.
Since the death of George Floyd in 2020, hundreds of people of ethnic minorities have been gunned down by U.S. law enforcement officers. As many as 93.7 percent of American Muslims said that they live in the shadow of Islamophobia; 81 percent of Asian American adults believe that violence against them is on the rise. Hispanic Americans, who make up 19 percent of the U.S. population, own only 2 percent of U.S. wealth, according to Wang.
The spokesperson quoted Fernand de Varennes, the UN Special Rapporteur on minority issues, as saying that the legal system in the United States is structurally set up to advantage and forgive those who are wealthier, and penalize those who are poorer, particularly ethnic minorities.
The United States also has the worst gun violence in the world and is the only developed country that witnessed mass shootings every year over the past 20 years. In 2020, there were 45,222 gun-related deaths in the country, a 43 percent increase from 2010, Wang said.
“Yet over the past 25 years, the U.S. federal government has failed to introduce a gun control act,” Wang said.
“The U.S. is in no position to point fingers at other countries’ human rights conditions. What the U.S. should do is to face up to its own serious human rights problems, and earnestly reflect on how to address the root causes of the deteriorating human rights situation,” he said.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.