Connect with us

Videos

ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမျိုးသမီးသိပ္ပံပညာရှင်တစ်ဦးအပါအဝင် သိပ္ပံပညာရှင်၃ ဦး ပူးတွဲဆွတ်ခူး

စတော့ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို လေဆာရူပဗေဒနယ်ပယ်၌ လုပ်ကိုင်နေသည့် သိပ္ပံပညာရှင် ၃ ဦးက ဆွတ်ခူးရရှိသွားကြောင်း၊ အဆိုပါ ၃ ဦးထဲတွင် အမျိုးသမီးသိပ္ပံပညာရှင်တစ်ဦးလည်းပါဝင်ကြောင်း Royal Swedish Academy of Sciences က အောက်တိုဘာလ ၂ ရက်တွင် ကြေညာလိုက်သည်။

အမျိုးသမီးသိပ္ပံပညာရှင်များအား နိုဘယ်လ်ဆုပေးအပ်ခြင်းမှာ နှစ်ပေါင်း ၅၅ နှစ်ကြာမှ ပထမဆုံးအကြိမ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုဆုရရှိသည့် သိပ္ပံပညာရှင်အမျိုးသမီးမှာ Donna Stricklandဟုအမည်ရပြီး ကနေဒါနိုင်ငံသူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်အတူ ပြင်သစ်နိုင်ငံမှ Gerard Mourou နှင့် အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင် Arthur Ashkinတို့က ဆွတ်ခူးရရှိခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားသိပ္ပံပညာရှင် Arthur Ashkin မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး ၎င်းမှာ သက်ရှိထင်ရှားရှိသည့် အသက်အကြီးဆုံးနိုဘယ်လ်ဆု ချီးမြှင့်ခံရသူ ဖြစ်လာကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.