Connect with us

Videos

ရေနွေးငွေ့သုံးရထားပုံစံငယ်ကို စွန့်ပစ်ပစ္စည်းများအသုံးပြုဖန်တီး

ရှန်းယန်၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ကလေးများစီးနင်းဆော့ကစားနိုင်သည့် ရေနွေးငွေ့သုံးရထားပုံစံငယ်ကို စွန့်ပစ်ပစ္စည်းများအသုံးပြုကာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်းယန်မြို့နေ အသက် ၇၃ နှစ်အရွယ်ရှိ ကျင်းကျန်ချင်း Jing Zhenqing ဆိုသူ အဖိုးအိုက အချိန် ၃ နှစ်ကြာ ဖန်တီးပြုလုပ်ပေးခဲ့သည်။ အဆိုပါ ရထားပုံစံငယ်အတွက် သံပြားများ၊ ကြေးပိုက်များနှင့် အခြားစွန့်ပစ်ပစ္စည်းအမျိုးမျိုးကို အသုံးချဖန်တီးခဲ့ခြင်းဖြစ်ကြောင်း စက်ပြင်ဆရာအဖြစ် အသက်မွေးခဲ့သည့် အဖိုးအို ကျင်း က ဆိုသည်။ ရထားပုံစံငယ်မှာ အရှည် ၂.၂ မီတာရှိပြီး အမြင့်မှာ ဝ.၄၅ မီတာရှိသည်။ ၁၉၆ဝ ခုနှစ်က စတင်ကာ တရုတ်နိုင်ငံအတွင်း စတီးနှင့် သံသတ္တုများကို ရာစုနှစ်တစ်ဝက်နီးပါး ကြာသည်အထိ သယ်ယူ ပြေးဆွဲခဲ့သည့် ရေနွေးငွေ့စွမ်းအင်သုံးရထားပုံစံကို တုပ ပြုလုပ်ခြင်းဖြစ်ပြီး အိမ်နီးချင်းကလေးငယ်များ ကို ဆော့ကစားစေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.