Connect with us

Videos

ရှန်ဟိုင်းမြို့တွင်မြေအောက်ရထားဘူတာရုံများ၌ဆိုလာပြားများတပ်ဆင်ကာသန့်စင်သောစွမ်းအင်ထုတ်လုပ်မှုစတင်

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သည် “စိမ်းလန်းသောမြို့ပြ”တစ်ခု စံနမူနာအဖြစ် ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်ရန် Pudong ဒေသသစ်ရှိ Longyang ဘူတာရုံအမိုးပေါ်၌ဆိုလာပြားများတပ်ဆင်ကာ ဆိုလာစွမ်းအင်ထုတ်စက်ရုံအဖြစ်ပြောင်းလဲခဲ့သည်။ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရ၏ ၂၀၆၀ ပြည့်နှစ်တွင် ကာဘွန်ထုတ်လွှတ်မှုကင်းစင်စေမည့် ရည်မှန်းချက် အား အကောင်အထည်ဖော်ဆောင်သည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။

ရှန်ဟိုင်းမြို့သည် လူဦးရေသန်း၃၀ ကျော်နေထိုင်ရာမြို့ကြီးတစ်မြို့ဖြစ်သည်။ မြို့ခံအများစုမှာမြေအောက်ရထား စီးနင်းမှုအားနှစ်သက်ကြသူများဖြစ်သည်။

Shanghai Metro New Energy ကုမ္ပဏီမှ အလုပ်အမှုဆောင်အဖွဲ့ဝင် Mou Zhenying က”ရှန်ဟိုင်းရဲ့ ရထားလမ်းကွန်ရက်ဟာ ၇၇၂ ကီလိုမီတာရှိပါတယ်၊ နောက်ပြီး ဘူတာရုံပေါင်း ၄၆၀ ရုံ နဲ့ ပျမ်းမျှအားဖြင့်ခရီးသွားပြည်သူပေါင်း၁၀သန်းကျော်က နေ့စဉ်မြေအောက်ရထားစီးနင်းကြပါတယ်” ဟုဆိုသည်။

Shanghai Shentong Metro Company ၏ အလုပ်အမှုဆောင်အဖွဲ့မှအထွေထွေအတွင်းရေးမှူး Sun Sihui က ” လျှပ်စစ်အဓိကသုံးစွဲတဲ့လုပ်ငန်းဖြစ်တဲ့Shanghai Shentong Metro Company က နှစ်စဉ် လျှပ်စစ်ဓါတ်အားကီလိုဝပ်နာရီပေါင်း၂.၃ ဘီလီယံခန့်ကိုသုံးစွဲတာဖြစ်ပါတယ်။ အဲဒီလိုပေးရတာကြောင့်ကျွန်တော်တို့ကုမ္ပဏီရဲ့ စိမ်းလန်းပြီးရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာကို စတင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Shanghai Shentong Metro Company ကိုတည်ထောင်ပြီး နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၂၃ သန်းထုတ်လုပ်မှာဖြစ်ပါတယ်။”ဟုဆိုသည်။

ကောင်းကင်မှကြည့်ရှုပါက အင်္ဂလိပ်အက္ခရာ “M” ဟု မြင်တွေ့ရပြီး ၎င်းမှာ “Metro” ကို ရည်ညွှန်းထားကြောင်းသိရသည်။ Longyang လမ်းဘူတာရုံရှိ ဂိုထောင်ပေါ်တွင် ၅၀,၀၀၀ စတုရန်းမီတာအကျယ်ရှိသည့်ဘူတာအမိုးပေါ်တွင် ဆိုလာပြားများအားတပ်ဆင်ထားခြင်းဖြစ်သည်။ အဆိုပါ ဆိုလာပြားများမှ ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားများကို ရထားများပြေးဆွဲရန်အတွက်အသုံးပြုမည်ဖြစ်သည်။ Longyang ဘူတာရုံသည် ရှန်ဟိုင်းမြို့တွင် ဆိုလာပြားများတပ်ဆင်ထားသည့်ဘူတာရုံ၁၀ ခုထဲမှ တစ်ခုဖြစ်သည်။

Mou က” ဒါဟာ Longyang လမ်းမှာရှိတဲ့ ရှန်ဟိုင်းရထားလမ်းအမှတ် ၂ နှင့် အမှတ် ၇ အတွက် ထိန်းသိမ်းပြုပြင်ရေးဆောင်ရွက်တဲ့ဘူတာရုံပါ။ ဘူတာအရွယ်အစားကတော့ စတုရန်းမီတာပေါင်း ၄၆,၀၀၀ ရှိပါတယ်၊ အခုတပ်ဆင်ထားတဲ့ဆိုလာပြားတွေဟာစုစုပေါင်းစွမ်းအင် ၃.၆၆မဂ္ဂါဝပ်ရှိပါတယ်၊ ကျွန်မတို့ဆိုလာအပြားပေါင်း ၁၃,၀၀၀ ပြားအတွက်မတူညီတဲ့စာလုံးတွေနဲ့နံပါတ်တွေကိုသုံးပြီးအမှတ်အသားတွေလုပ်ထားပါတယ်၊ ဒါမှနည်းပညာပိုင်းဆိုင်ရာပြဿနာတစ်ခုခုကြုံလာတဲ့အခါကျရင် ဘယ်နေရာကလဲဆိုတာကိုတိတိကျကျသိရှိနိုင်အောင်လို့ပါ၊ ဒီစနစ်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဘေးကင်းလုံခြုံမှုနဲ့အသုံးဝင်မှုပါပဲ၊ နေရောင်ခြည်စွမ်းအင်ထုတ်လွှတ်ရေးစနစ်ဟာသမားရိုးကျလျှပ်စစ်ပို့လွှတ်ရေးစနစ်နဲ့မတူဘဲသီးသန့်လုပ်ဆောင်တာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်တဲ့အတွက် မတော်တဆအရေးပေါ်အခြေအနေတစ်ခုခုကြုံလာတဲ့အခါမှာ ဒါဟာဘေးကင်းမှုရှိလာမှာဖြစ်ပြီးကျယ်ပြန့်တဲ့ဘူတာထဲ အသုံးဝင်လာမှာဖြစ်ပါတယ်။ လက်ရှိမှာရှန်ဟိုင်းမြေအောက်ရထားလမ်းဝန်ဆောင်မှုမှာဒီဘူတာလိုမျိုး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးဘူတာရုံပေါင်း၁၀ခုအထိလုပ်ဆောင်ထားရှိပြီးဖြစ်ပါတယ်။ အနာဂတ်မှာကျွန်မတို့ဟာ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးမျိုးဆက်နဲ့စွမ်းအင်သစ်ဖြည့်တင်းခြင်းစနစ်၊ စွမ်းအင်သိုလှောင်ခြင်းနှင့်အခြားဆက်စပ်တဲ့ကဏ္ဍတွေမှာ ပိုမိုအာရုံစိုက်သွားမှာဖြစ်ပြီး အကောင်းဆုံးနည်းပညာတွေကိုအသုံးပြုသွားမှာပါ။ ကျွန်မတို့ရဲ့ ပန်းတိုင်က စွမ်းအင်ကိုသုံးစွဲဖို့နဲ့ သတင်းအချက်အလက်စီးဆင်းမှု ပိုမိုသစ်လွင်လာစေဖို့ပါ၊ လက်ရှိမှာဆိုလာစွမ်းအင်တွေဟာမြေအောက်ရထားစနစ်အတွက် စုစုပေါင်းသုံးစွဲရတဲ့စွမ်းအင်ရဲ့ ပမာဏအနည်းငယ်ကိုသာပြည့်မီပါတယ်၊ ဒီစီမံကိန်းဟာနေရာများစွာကိုသက်သာစေပြီးတော့ပိုမိုသန့်စင်တဲ့စွမ်းအင်အရင်းအမြစ်ကို စတင်မိတ်ဆက်တာလည်းဖြစ်ပါတယ်၊ အနာဂတ်မှာတော့ရှန်ဟိုင်းမြေအောက်ရထားဝန်ဆောင်မှုမှာအသုံးပြုနေတဲ့သိုလှောင်ရုံများစွာရဲ့ ခေါင်မိုးတွေမှာ ဆိုလာပြားတွေထပ်မံတပ်ဆင်ပြီးတော့ မြေအောက်ရထားလမ်းဝန်ဆောင်မှုများအတွက် သန့်စင်တဲ့စွမ်းအင်များစွာကိုထုတ်လုပ်ပေးနိုင်တော့မှာပါ”ဟုဆိုသည်။ (Xinhua)
……………………..
(English Version)
GLOBALink | Metro depot turns into solar power station in Shanghai
How can a metro depot be more than just a metro depot? Join us in Shanghai, China, as we discover how the city is making the move to green energy by doubling-up its facilities!
Produced by Xinhua Global Service■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.