Connect with us

Videos

အီဂျစ်နိုင်ငံ ဆိုင်နိုင်းရှိ ဗလီ တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရှိလာ

ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။ဗလီအား စစ်သွေးကြွများက တိုက်ခိုက်မှုတွင် အနည်းဆုံး ဒဏ်ရာရသူ ၁ဝ၉ ဦး ရှိကြောင်း နှင့် သေဆုံးသူ ၁၁၅ ဦးရှိကြောင်း ကနဦး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗလီအတွင်း ဝတ်ပြုဆုတောင်းနေသူများအား စစ်သွေးကြွများက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုမပြုလုပ်မီ Arish မြို့ပြင်အနီးရှိ ဗလီအပြင်ဘက်တွင် စစ်သွေးကြွများက ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် Arish မြို့မှ ၄ဝ ကီလိုမီတာအကွာ၌ တည်ရှိသော Rawda ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ဆက်လက်ပြောကြားခဲ့သည်။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့လူနာတင်ယာဉ် အစီး ပေါင်း ၅ဝ သွားရောက်ခဲ့ကြောင်း ၊ ဒဏ်ရာရသူအများစုကို Arish ဆေးရုံသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al Sis က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော လုံခြုံရေးကော်မတီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း သမ္မတ၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ MENA သတင်းအေဂျင်စီက ဆိုသည်။အဆိုပါအရေးပေါ် အစည်းအဝေးသို့ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအကြီးအကဲ နှင့် စစ်ထောက်လှမ်းရေး အရာရှိများတက်ရောက်ခဲ့ကြောင်း သတင်းက ဆိုသည်။၎င်းဖြစ်စဉ်နှင့်ပတ်သက်၍အီဂျစ်နိုင်ငံသမ္မတက နိုင်ငံတစ်ဝန်းလုံးအား ၃ ရက်တာ ဝမ်းနည်းကြောင်းနေ့အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.