Connect with us

Videos

သဘာဝအတိုင်းကြက် မွေးမြူရေးနည်းစနစ်ဖြင့် ဒေသတွင်းဆင်းရဲနွမ်းပါးမှုလျော့ကျစေသူ

ဟေလုံကျန်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် Wudalianchi မြို့တွင် Sang Qingju အမည်ရှိ မွေးမြူရေးသမားတစ်ဦးသည် ဓာတုဗေဒ နည်းပညာပိုင်းကင်းလွတ်သည့်နည်းစနစ်ဖြင့် သဘာဝအတိုင်း ကြက်များကို ၂၀၁၉ ခုနှစ် ဇွန်လက စတင်မွေးမြူခဲ့သည်။ 

Sang သည် အွန်လိုင်းတွင်လည်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ကြက်မွေးမြူရေးလုပ်ငန်းတွင် ဒေသခံများကိုပါ လက်တွဲလုပ်ကိုင်စေသူတစ်ဦးဖြစ်သည်။ လက်ရှိတွင် ၎င်း၌ ကြက်မွေးမြူရေးခြံ ၇ ခြံရှိပြီးကြက်အကောင်ရေ ၃ သိန်းကို မွေးမြူထားရှိပြီဖြစ်သည်။

“ ကျွန်တော် အိမ်နီးချင်းဆီက ကြက်ခြေထောက်ကင်စားခဲ့ရတာကိုသတိရမိတယ် ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်တို့ မိသားစုကလည်းဆင်းရဲခဲ့တယ်လေ ဒီတော့ ကျွန်တော် အဲဒီအရသာကို မေ့လို့မရနိုင်ခဲ့ဘူးပေါ့၊ကျွန်တော်တို့ဇာတိက လူတွေက အရသာရှိတဲ့ဟင်းတွေဆိုအမြဲ ကျွန်တော့်ကိုကျွေးလေ့ရှိတယ်ဗျ၊ ဒီလိုနဲ့ ကျွန်တော် သူတို့ကိုပြန်ကူညီပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပါပဲ၊ ကျွန်တော်တို့ ဇာတိမှာပြောလေ့ရှိတဲ့ စကားတစ်ခုလိုပေါ့ဗျာ” ခင်ဗျားကျွန်တော့်ကိုရေတစ်စက်ပေးမယ်ဆိုရင် ကျွန်တော်က ခင်ဗျားကိုရေတစ်ခွက်ပြန်ပေးပါ့မယ်”လို့ပေါ့။ Sang အနေဖြင့် ရှေ့လျှောက်တွင်လည်း မွေးမြူရေးလုပ်ငန်းများကို ပိုမို လုပ်ဆောင်သွားမည်ဖြစ်ပြီးအော်ဂင်းနစ်နည်းစနစ်ကို ပိုမိုဆောင်ရွက်ကာ စားသုံးသူများအတွက် အကောင်းဆုံးအရသာ ရရှိစေရန် ဆောင်ရွက်သွားမည်ဟု ရည်ရွယ်ထားကြောင်းသိရသည်။ Sang အနေဖြင့် ဒေသခံများကိုလည်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရန် ၎င်း လုပ်ငန်းမှ တစ်ဆင့် တစ်ဖက်တစ်လမ်းအနေဖြင့် ကူညီဆောင်ရွက်ပေးသွားလိုကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.