Connect with us

Videos

သမ္မတရှီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအားအလဲထိုးရန် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) 

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံရှိ ပြည်သူများရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအား အလဲထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားကြောင်းသိရသည်။ သမ္မတရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပေကျင်းမြို့ရှိ Anhuali Community သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကာကွယ်တားဆီးနိုင်မှုနှင့် ထိန်းချုပ်မှုအခြေအနေတို့ကိုလေ့လာခဲ့သည်။ ရှီက  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးပျံ့နှံ့မှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်အလေးထားဆွေးနွေးခဲ့သည်။ ထို့အပြင် သမ္မတရှီကျင့်ဖိန်က ပေကျင်းမြို့ရှိ Ditan ဆေးရုံ တွင် နိုဗယ်ကိုရိုနာအဆုတ်ရောင်ရောဂါကုသရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ သမ္မတရှီက ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ကို ရှေ့တန်းမှ တိုက်စစ်ဆင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို video မှ တစ်ဆင့် အားပေးစကားပြောကြားခဲ့သည်။ ဟူပေနှင့် ဝူဟန့်ကို ကပ်ရောဂါဆိုးအန္တရာယ်မှ ကာကွယ်ထိန်းချုပ်ရေး ထိပ်တန်းဦးစားပေးကာဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှီကဆိုသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျန်းမာရေးကို အထူးသတိထားနေထိုင်ကြရန်မှာကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.