Connect with us

Videos

သီရိလင်္ကာနိုင်ငံ၌ ပေါက်ကွဲမှုများအတွင်း သေဆုံးသူ အရေအတွက် ဆက်လက်မြင့်တက်

ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျှက်ရှိရာ ယနေ့ဧပြီ ၂၂ ရက် တွင်သေဆုံးသူ ၂၉ဝ ဦး နှင့် ဒဏ်ရာရသူ ၅ဝဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူများထဲတွင် နိုင်ငံခြားသား ၃၂ ဦးပါဝင်ပြီး ၎င်းတို့သည် တရုတ် ၊ အမေရိကန် ၊ ဗြိတိန် နှင့် ဘယ်လ်ဂျီယံ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းတိုက်ခိုက်မှုများနောက်ကွယ်တွင် မည်သူပါဝင်ပတ်သက်နေသည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်တွင် အီစတာပွဲတော်ဆင်နွှဲရန် ခရစ်ယာန်ဘာသာဝင် ရာပေါင်းများစွာ စုဝေး ရောက်ရှိနေသည့် ဘုရားကျောင်းများ နှင့် ဇိမ်ခံဟိုတယ်အချို့တွင် ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.