Connect with us

Videos

ကမ္ဘာ့စွမ်းအားအမြင့်ဆုံး လျှပ်စစ်ရထား တရုတ်နိုင်ငံ ထုတ်ဖော်ပြသ

ဟူနန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျူးကျိုးမြို့တွင် ရထားလုပ်ငန်းနည်းပညာကြိုးပမ်းမှုရလဒ်အတွက် ကြီးမားသောအောင်မြင်မှုအဖြစ် ကမ္ဘာ့စွမ်းအားအမြင့်ဆုံး လျှပ်စစ်ရထားကို ထုတ်ဖော်ပြသလိုက်သည်။ 

အဆိုပါ Shen-24 လျှပ်စစ်ရထားသည် လျှပ်စစ်စွမ်းအား ၂၈,၈၀၀ ကီလိုဝပ်နှင့် ပြေးဆွဲအား ၂,၂၈၀ ကီလိုနယူတန်မီတာရှိပြီး  အရှည်အားဖြင့် ၁၀၆ မီတာရှိကာ မြန်နှုန်းအားဖြင့် အများဆုံး တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ ပြေးဆွဲနိုင်ပါသည်။ ဆင်ခြေလျှောပေါ်တွင် ကုန်စည် တန် ၁၀,၀၀၀ ကိုတင်ဆောင်ကာ ပြေးဆွဲနိုင်သည့် ခေတ်မီဆန်းသစ်သော ရထားမောင်းနှင်မှုစနစ်ပါရှိသည့် လျှပ်စစ်ရထားတစ်စင်းလည်း ဖြစ်သည်။ 

အဆိုပါ လျှပ်စစ်ရထားအား အောက်ပါဗီဒီယိုတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.