Connect with us

Videos

သံဈေးမီးလောင်မှုကြောင့် ဒုတိယထပ်ရှိဆိုင်ခန်း ၄၁ ခန်းမီးလောင်ဆုံးရှုံးပြီး မီးခိုးမွှန်၍ လူ ၁၅ဦး ဆေးရုံတင်ခဲ့ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင်(ဖေဖော်ဝါရီ ၂၀ရက်) ယနေ့ နံနက် ၆ နာရီ ၅ မိနစ် အချိန်ခန့်မှစတင်၍ မီးလောင်ကျွမ်းမှုကြောင့် ဈေးကြီး ဒုတိယထပ်ရှိ ဆိုင်ခန်း ၄၁ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီးမီးခိုးမွှန်၍ လူ ၁၅ ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

အဆိုပါ သံဈေးမီးလောင်မှုသည် မနက် ၆နာရီ ၅မိနစ်တွင်စတင်လောင်ကျွမ်းခဲ့ပြီး မနက် ၉နာရီ ၁၀မိနစ်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ဈေးအပေါ်၁၀ထပ်နှင့်ဓာတ်လှေခါးအတွင်း ပိတ်မိနေသော ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် ၈၅ဦးနှင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

သံဈေးတွင်မီးလောင်မှုဖြစ်ပွားရာ (၆)လွှာမှ (၁၀)လွှာအထိ လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းမှုမရှိကြောင်းနှင့်လုံခြုံရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.