Connect with us

Videos

ဟောင်ကောင်အရေးတွင် ဗဟိုအစိုးရအနေဖြင့် ကြားဝင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိ 

ဟောင်ကောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည်  ဟောင်ကောင် အခြေခံဥပဒေပြဌာန်းသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နှင့် မကြာသေးမီက တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ ဟောင်ကောင်အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေ အတည်ပြုခဲ့မှုတို့နှင့်စပ်လျဉ်းသည့် အင်တာနက် အစည်းအဝေးတစ်ရပ် ကို ဇွန် ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကော်စီ ဟောင်ကောင်၊မကာအိုရေးရာရုံး ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောင်မင် က ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကြောင့် ကြားဝင်ရန်မှလွဲ၍  အခြားရွေးချယ်စရာမရှိခြင်းဖြစ်ကြောင်း ဆိုသည်။ 

“အမှန်အတိုင်းပြောရရင်  ဘာကြောင့်များ ဗဟိုအစိုးရအနေနဲ့ ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းသလဲဆိုပြီး မေးခွန်းထုတ်ကောင်းထုတ်နိုင်ပါလိမ့်မယ် ရှေးလူကြီးတွေရဲ့ ဆိုစကားတစ်ခုလိုပေါ့ အရာတိုင်းက ဖြစ်ချိန်တန်လို့ဖြစ်ရတာပါ ဒါဟာဒီအချိန်မှာ ဗဟိုအစိုးရရဲ့ ဆောင်ရွက်မှုတွေကို ဖော်ပြနိုင်တဲ့ အသင့်တော်ဆုံးစကားရပ်လည်းဖြစ်ပါတယ် ဟောင်ကောင်မှာဖြစ်နေတဲ့အခြေအနေတွေကြောင့် ဗဟိုအစိုးရအနေနဲ့ ကြားဝင်ရုံမှတစ်ပါး အခြားမရှိခဲ့ပါဘူးလို့ ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ရဲ့ စကားကိုပဲ ဖော်ပြသုံးစွဲလိုက်ရပါတယ် ဗဟိုအစိုးရအတွက် ဒီကိစ္စကို အတတ်နိုင်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရာ  အင်မတန်အရေးကြီးနေပါတယ်” ဟု ကျန်းက ဆိုသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.