Connect with us

Videos

 “ဟောင်ကောင် လွတ်လပ်ရေး” လှုပ်ရှားမှုကို လုံးဝသည်းခံမည်မဟုတ်ဟု တာဝန်ရှိသူဆို

ဟောင်ကောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကော်စီ ဟောင်ကောင်၊မကာအိုရေးရာရုံး ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောင်မင် က “ဘာကြောင့် ဟောင်ကောင် လွတ်လပ်ရေးဆိုပြီး လုပ်နေတဲ့လှုပ်ရှားမှုက  ဒီလောက်ကြာခဲ့ရသလဲဆိုတာ  အခုအချိန်မှာ ပြန်စဉ်းစားရတော့မှာပါ။ အရင်က ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်ရင် ဟောင်ကောင်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုဆိုတာ နိုင်ငံရေးဗိုင်းရပ်စ် ဒါမှမဟုတ် ဆူပူအုံကြွမှုနဲ့အကြမ်းဖက် လုပ်ရပ်တွေရဲ့  ရေသောက်မြစ်တစ်ခု ဖြစ်တယ်ဆိုတာကို ပြည်သူတွေတစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး နားလည်လာပါတယ် ၊ ဒါတွေဆက်ပြီးကြီးထွားလာနေမယ်ရင် ဟောင်ကောင်အသိုင်းအဝိုင်းတစ်ခုလုံးဟာ ကြီးမားတဲ့ ပေးဆပ်မှုတွေပေးဆပ်ရပါလိမ့်မယ်  ဒါကြောင့် လုံးဝသည်းခံမှာ မဟုတ်ပါဘူး”  ဟု ဟောင်ကောင်၌ ဇွန် ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့်  အင်တာနက် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.