Connect with us

Videos

တရုတ်စာ ပေါင်းကူးတံတား ပြိုင်ပွဲ (ရန်ကုန်) နောက်ဆုံးအဆင့် ကျင်းပ

ရန်ကုန် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge)အမည်ရှိ တရုတ် ဘာသာစကား ကျွမ်းကျင်မှု ပြိုင်ပွဲ(ရန်ကုန်) နောက်ဆုံးအဆင့်ကို မေလ ၂၈ ရက်တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုဌာန၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲ ပထမဆုအား အခြေခံ ပညာ အထက်တန်း အဆင့် (၁)ဦး နှင့် တက္ကသိုလ်ဝင်တန်း အဆင့် (၁) ဦး အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု ကျင်းပသည့် တရုတ်စာ ပေါင်းကူးတံတားသည် ဆက်သွယ်ရေး ၊ ချစ်ကြည်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေး တံတား ဖြစ်ကြောင်း ၊ တရုတ်ဘာသာ နှင့် ယဉ်ကျေးမှုကို နားလည်စေနိုင်ပြီး တရုတ်-မြန်မာ ရိုးရာ ချစ်ကြည်ရေး ကို တိုးမြင့်စေနိုင်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းသည့် အပေါ် အရေးကြီးသည့် အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်စာ ပေါင်းကူးတံတား (Chinese Bridge) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၁ ဦး ရှိပြီး ယခု နောက်ဆုံး အဆင့်တွင် အခြေခံပညာ အထက်တန်း အဆင့် ၆ ဦး နှင့် တက္ကသိုလ်ဝင်တန်း အဆင့် ၆ ဦး စုစုပေါင်း ၁၂ ဦးမှ တောက်ပသော အနာဂတ်ဆီသို့အကြောင်းအရာဖြင့် ယှဉ်ပြိုင်ခဲ့ကြ ရာ ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှု သံမှူး Mr. Tian Shanting ၊ ကွန်ဖြူးရှပ်ကျောင်း၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.