Connect with us

Videos

အလိုအလျောက်မောင်းစနစ်ကားများတစ်ခေတ်ဆန်း

ဂျီနီဗာ ၊ မတ် ၈ ရက် (ဆင်ဟွာ)

မိုဘိုင်းဖုန်းမှ တိုက်ရိုက်သီချင်းဖွင့်နိုင်သလို ကားကိုလည်းအလိုအလျောက် ပါကင်ထိုးပေးသည့်စနစ် ပါဝင်သည့်အပြင် မိုင်နှုန်းပြည့်မောင်းနှင်နိုင်သော ကားများထွက်ပေါ်လာပြီဖြစ်သည်။

Geneva Motor Show သည် မော်တော်ကားလောကအတွက် ပိုမိုကောင်းမွန်သောအလားအလာများကို ယူဆောင်ပေးနိုင်မည်ဖြစ်သည်။ နည်းပညာ ကုမ္ပဏီကြီးများဖြစ်သော Google နှင့် Apple စသည်တို့မှလည်း ကား၏ စနစ်အားအထောက်အပံ့ဖြစ်စေမည့် application များကို Infotainment area အတွက် တီထွင်ထုတ်လုပ်ပေးကြသည်။

Rainspeed ကုမ္ပဏီမှ အလိုအလျောက်မောင်းစနစ် ကား များကို ထုတ်လုပ်ခြင်းဖြစ်သည်။ ယနေ့အထိ လမ်းညွှန်စနစ်ပါဝင်သော ကားများအပြင် ကားတွင် အာရုံခံစနစ်ပါဝင်ပြီး မည်သည့်နေရာကိုသွားရမည်၊ မည်သည့်အန္တရာယ်ကို မည်သို့ရှောင်ရမည် ဆိုသည့် စနစ်များပါ ဝင်သည်။ စတီရာရင်အား dashboard ထဲအလိုအလျောက်ခေါက်သိမ်းပေးမည့် စနစ် ပါဝင်လာမည်ဖြစ်ပြီး ယာဉ်မောင်း၏ အခန်းကဏ္ဍ သည် တဖြည်းဖြည်း လျော့နည်းလာတော့မည်ဖြစ်သည်။

အဆိုပါ မော်တော်ကားပြပွဲတွင် Nissan ကုမ္ပဏီ၏ ယာဉ်မောင်းစနစ်သုံးနောက်ဆုံးပေါ်ကားများကို လည်းပြသခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.