Connect with us

Videos

အီသီယိုးပီးယားခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အတည်ပြု

အက်ဒစ်အဘာဘာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းစဉ် မတ် ၁ဝ ရက် နံနက်ပိုင်းက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

“ မတ် ၁ဝ ရက်က အက်ဒစ်အဘာာမြို့မှ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းသွားတဲ့ ET302 လေကြောင်းခရီးစဉ် မတော်တဆမှုအတွက် အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စု CEP အနေနဲ့လွန်စွာ စိတ်မကောင်းဖြစ်ရပါတယ် ” ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တစ်စောင်ကို တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြခဲ့သည်။

ဘိုးရင်း ၇၃၇-၈ဝဝ MAX သည် အက်ဒစ်အဘာဘာ နိုင်ငံတကာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၈ မိနစ်တွင် စတင်ထွက်ခွာလာပြီး ၈ နာရီ ၄၄ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် လေယာဉ်မှာ အက်ဒစ်အဘာဘာမြို့မှ ၄၅ ကီလိုမီတာအကွာ Bishoftu မြို့ပေါ်သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် နိုင်ငံပေါင်း ၃ဝ ကျော်မှ ခရီးသည် ၁၅၇ ဦးလိုက်ပါလာကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စု အမှုဆောင်အရာရှိချုပ် Tewolde Gebremariam က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.