Connect with us

Videos

၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ စတင် ကျင်းပ

နေပြည်တော် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့ စတင် ကျင်းပခဲ့ပြီး ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲအား အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီမှ သိရသည်။

ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲတွင် ပုလဲ အတွဲပေါင်း ၂၇၄ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၅၀၀ တွဲ နှင့် ကျောက်စိမ်း အတွဲပေါင်း ၆၉၇၄ တွဲတို့ပါဝင်ကြောင်း သိရသည်။

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို့မတ် ၁၁ ရက်မှ ၂၀ ရက် အထိ ၁၀ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်တွင်း ၊ ပြည်ပ ရတနာ ကုန်သည် စုစုပေါင်း ၄,၁၃၂ ဦး တက်ရောက်ရန် စာရင်းပေးထားကြောင်း သိရသည်။

ယခု ပြပွဲတွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ပုလဲ အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့် အထက် တန်ဖိုး သတ်မှတ်ထားပြီး ကျောက်မျက် အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့် အထက် ၊ ကျောက်စိမ်း အတွဲများအား အခြေခံဈေး ယူရိုငွေ ၅၀၀၀ နှင့် အထက် ၊ ယူရိုငွေ ၁၀၀၀ နှင့် အထက် စသဖြင့် တန်ဖိုးများ သတ်မှတ်ထားကြောင်း သိရသည်။

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီမှ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြပွဲ စတင်သည့်နေ့တွင် ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူ ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရူအားပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.