Connect with us

Videos

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ တရုတ် စာပေ နှင့် ယဉ်ကျေးမှု ကျွမ်းကျင်မှု ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” (Chinese Bridge) ရန်ကုန် ဒေသဆိုင်ရာ တရုတ် စာပေ နှင့် ယဉ်ကျေးမှု ကျွမ်းကျင်မှု ပြိုင်ပွဲ ကို မေလ ၂၆ ရက်နေ့ က ရန်ကုန် မြို့ မင်းရဲကျော်စွာ လမ်း ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ အား ” One World One Family ” ဟူသည့် ခေါင်းစဉ် ဖြင့် ကျောင်းသား/သူ များအား ပါဝင် ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲ စတင် ကျင်းပ သည့် နေ့တွင် တက္ကသိုလ် အဆင့် ကျောင်းသား/သူ ၁၂ ဦး တို့က ၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် ၎င်းတို့၏ တရုတ် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် ၊တရုတ် ရိုးရာ ယဉ်ကျေးမှု နှင့် အနုပညာ စွမ်းရည် တို့ကို ထုတ်ဖော်ပြသ ခဲ့ကြပြီး ကျောင်းသား/သူ ၆ ဦး တို့ က နောက်ဆုံး အဆင့်သို့ ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်း ခံခဲ့ရသည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ခံရသည့် တက္ကသိုလ် အဆင့် နှင့် အထက်တန်း အဆင့် ကျောင်းသား/သူ များ က လာမည့် ဇွန်လ ၃ ရက်နေ့ တွင် ကျင်းပ မည့် ပြိုင်ပွဲ တွင် ထပ်မံ ယှဉ်ပြိုင် သွားရမည် ဖြစ်ပြီး ပထမ အဆင့် ရရှိသူများ ကို ရွေးချယ် ပေးသွားမည် ဖြစ်သည်။

ယခု ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် တရုတ် နိုင်ငံ ကွန်ဖြူးရှပ် စာသင်ကျောင်း(ဗဟို) မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံး နှင့် အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ၊ ကွန်ဖြူးရှပ် စာသင်ကျောင်း တို့မှ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပထမ ဆု ရရှိသည့် ကျောင်းသား/သူ အနေဖြင့် တရုတ် နိုင်ငံ သို့သွားရောက်ကာ ဆက်လက်၍ ပြိုင်ပွဲဝင် ရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.