Connect with us

Videos

CPEC အကြီးဆုံး အဝေးပြေးလမ်းမကြီး ပထမလမ်းပိုင်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဖွင့်လှစ်

မူလ်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) အကြီးဆုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦစီမံကိန်း တွင်ပါဝင်သော အရှည် ၃၉၂ ကီလိုမီတာရှိသော Multan-Sukkur အမြန်လမ်းမကြီး ၏ ပထမလမ်းပိုင်းအား ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi က မေလ ၂၆ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

Multan မှ Shujaabad မြို့အထိ လမ်းပိုင်းအရှည် ၃၃ ကီလိုမီတာကို အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ချိန်ထက် စောကာ ပြီးစီခဲ့သည်။ခြောက်လမ်းသွား အဝေးပြေးလမ်းမကြီးသည် ပန်ဂျပ်ပြည်နယ်နှင့် Sindh ပြည်နယ်များအား ဖြတ်သန်းကာ ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိ ဆိပ်ကမ်းမြို့နှင့် အနောက်မြောက်ပိုင်း ပတ်ရှ်ဝါအထိ ချိတ်ဆက်ထားမည် ဖြစ်သည်။

CPEC သည် တရုတ်နိုင်ငံ ကွန်ရက်ချိတ်ဆက်ခြင်း မျှော်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းနှင့် ဒေသတွင်း စီးပွားရေး အခွင့်အလမ်းကြီးများ ဆောင်ကြဉ်းပေးမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအောက်တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Abbasi က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.