Connect with us

Videos

တရုတ်နိုင်ငံထုတ် AI translator က CES 2019 ပွဲတွင် တီထွင်ဆန်းသစ်မှုဆုကိုထပ်မံဆွတ်ခူး

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် ကျင်းပသည့် Consumer Electronic Showတွင် တရုတ်နိုင်ငံ က ထုတ်လုပ်သည့် AI နည်းပညာသုံးဘာသာပြန်စက် ကိုလည်း ပါဝင်ပြသထားရာ အဆိုပါ ဘာသာပြန်စက်မှာ CES ၏ တီထွင်ဆန်းသစ်မှုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

၎င်း AI translator ကို တရုတ်နိုင်ငံရှိ iFLYTEK ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး iFLYTEK translator 2.0 version ဖြင့်ထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းမှာ တရုတ်ဘာသာစကားနှင့်အခြား ဘာသာစကားပေါင်း ၅ဝ ကို တိုက်ရိုက်ဘာသာပြန်ပေးမည့်စက်ဖြစ်ပြီး အင်တာနက်လိုင်းမမိသည့်နေရာများတွင်ပါ အသုံးပြုနိုင်ရန်ရည်ရွယ်ကာ offline အသုံးပြုနိုင်မည်ဟုသိရသည်။ online ဖြင့်အသုံးပြုပါက မိတ်ဆွေသူငယ်ချင်းများနှင့်ချိတ်ဆက်ကာ ဘာသာပြန်နိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.