Connect with us

Videos

မြန်မာကိုကမ္ဘာကသိအောင် ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစား သွားမည့် Burmese Python

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့အလယ်တွင် မြန်မာအား သိရှိနိုင်ရေး ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကြိုးစား သွားမည် ဖြစ်ကြောင်း Burmese Python မြန်မာ စပါးကြီးမြွေ ဟု လူသိများသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ကျွန်တော် ကြိုးစားမယ်။ကမ္ဘာမှာ မြန်မာပြည်ကို သိအောင်လို့ကျွန်တော် ကြိုးစားမယ်။ ကျွန်တော်ကို အားပေးတဲ့ အတွက်ကြောင့် အရမ်းဂုဏ်ယူပါတယ်။ ကြိုးစားသွားမယ်။ ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကျွန်တော် လုပ်မယ်။ အဓိကတော့ ကမ္ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်လာဖို့ကြိုးစားနေတယ်။ အဲဒါဆိုရင် မြန်မာပြည်က လူတွေ ဂုဏ်ယူနိုင်မှာပါ။ အဲဒါက ကျွန်တော်ရဲ့အဓိက မျှော်လင့်ချက်ပါ။
မြန်မာပြည်ဖွား ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်းသည် ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အထက်တန်းကျောင်းပညာ ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံသို့သွားရောက် ပညာ ဆက်လက် သင်ကြားခဲ့ရင်း ဝါသနာပါရာ လက်ဝှေ့၊ ဂျူဂျစ်ဆု ၊ ဘောက်ဆင် အားကစား နည်းများအား လေ့ကျင့် သင်ကြားပြီးနောက် ဘက်စုံ ကိုယ်ခံ ပညာသုံး(MMA)ကစားသမား တစ်ယောက် အဖြစ် ကျင်လည်ခဲ့ပြီး ၁၀ ကျော်ကြာ ပြိုင်ပွဲ အတွေ့အကြုံ ရင့်ကျက်သည့် ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။
ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်းသည် ၎င်းဝါသနာ ပါရာ ဘက်စုံကိုယ်ခံပညာသုံး(MMA)ပြိုင်ပွဲများတွင် ယှဉ်ပြိုင် ကစားရင်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်အောင် စိန်ခေါ်မှု များအား ယှဉ်ပြိုင် တိုက်ခိုက်ရင်း မွေးဖွားရာ ဇာတိမြေတွင် ကျင်းပပြုလုပ်မည့် MMA ပွဲစဉ်တိုင်းတွင် ပါဝင် ကစားသွားမည်ဟုဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.