Connect with us

Videos

တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် C919 လေယာဉ် ၈၁၅ စင်း အား ပြည်တွင်းပြည်ပမှ ဝယ်ယူရန်အမှာစာများရောက်ရှိ

ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်ကြီး C919 ၈၁၅ စင်းအား ပြည်တွင်းပြည်မှ ဝယ်သူ ၂၈ ဦးထံမှ ဝယ်ယူမည့်အမှာစာရောက်ရှိထားကြောင်းသိရသည်။ C919 ခရီးသည်တင်လေယာဉ်ကြီးမှာ ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်း စမ်းသပ်ပျံသန်းကာ အောင်မြင်မှုရရှိခဲ့သည်။ C919 ခရီးသည်တင်လေယာဉ်ဒုတိယမြောက်ဒီဇိုင်း လေယာဉ်၏ ပထမဆုံးပျံသန်းမှုကို ၂ဝ၁၇ ခုနှစ်ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည်။ တတိယမြောက် C919 ဒီဇိုင်း လေယာဉ်၏ ပထမဆုံးပျံသန်းမှုကို ယခုနှစ်ကုန်တွင်စမ်းသပ်ပျံသန်းမည်ဖြစ်သည်။ C919 လေယာဉ် များကို တရုတ်နိုင်ငံပိုင် Commercial Aircraft Corporation of China, Ltd COMAC မှ ထုတ်လုပ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.