Connect with us

Videos

စက်ရုပ် လုံခြုံရေးဝန်ထမ်းများထွက်ပေါ်လာ

လော့စ်အိန်ဂျလိစ်၊ မတ် ၆ ရက်(ဆင်ဟွာ)

နည်းပညာခေတ်မီတိုးတက်လာသည်နှင့်အမျှ စက်ရုပ်များကို ဘက်ပေါင်းစုံတွင် အစားထိုးရန်ကြိုးစားလာခဲ့ကြပြီး ယခုအခါတွင် စက်ရုပ် လုံခြုံရေးဝန်ထမ်းများကို အမေရိကန်နိုင်ငံအခြေစိုက် Gamma2 Robotics ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်လိုက်ပြီဖြစ်သည်။ စက်ရုပ်လုံခြုံရေးဝန်ထမ်းများမှာ ငွေကုန်ကြေးကျသက်သာပြီး ထိရောက်မှုရှိသည်။

စက်ရုပ်တွင် ကင်မရာ ၄ လုံးနှင့် အပူ၊ မီးခိုး၊ ရေငွေ့၊ ဂတ်စ် နှင့် လှုပ်ရှားမှုများကို အာရုံခံနိုင်သော ဆင်ဆာစနစ်များပါဝင်သည်။၎င်းစက်ရုပ်များကို Ramsee ဟုအမည်ပေးထားပြီး ၎င်းတို့က စောင့်ကြည့်ရေးအခန်းကိုလည်း အချက်ပေးစနစ်ဖြင့်ဆက်သွယ်နိုင်သည်။ ကျွမ်းကျင်သူများက ၎င်းစက်ရုပ်များမှာ လုံခြုံရေးလုပ်ငန်းများတွင် အချိန်မရွေးဆောင်ရွက်နိုင်သောကြောင့် အနာဂတ်တွင် ကျယ်ပြန့်စွာအသုံးပြုလာကြမည်ဖြစ်ကြောင်းသုံးသပ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.