Connect with us

Videos

COVID-19 ကူးစက်နိုင်ခြေရှိသူများကို ထားရှိသည့်ဆေးရုံ တွင် ကျန်းမာသောကလေးငယ်မွေးဖွား

စီချွမ်၊ ဖေဖော်ဝါရီ ၂၅ ရက်  (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိစောင့်ကြည့်ခံနေရသည့် မိခင်တစ်ဦး မှ ကလေးငယ်တစ်ဦးကို ကျန်းမာစွာမွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။  မိခင်မှာ COVID – 19 ကူးစက်ခံနေရသူနှင့် အနီးကပ်နေထိုင်သူဖြစ်သောကြောင့် ရောဂါကူးစက်ခံထားရမှု ရှိမရှိ ဆေးရုံတွင်စောင့်ကြည့်ထားစဉ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကလေးမွေးဖွားရန် လက္ခဏာပေါ်လာသဖြင့် ဝန်ထမ်းများက ၁၀ နာရီအတွင်း အရေးပေါ်မီးဖွားခန်းတစ်ခန်းကို တည်ဆောက်ပြီး မွေးဖွားနိုင်ရန်စီစဉ်ခဲ့သည်။ ကလေးမွေးဖွားမှုအတွက် အထူးကုဆရာဝန်များနှင့်သူနာပြုများက ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ကလေးရော မိခင်ပါ ကျန်းမာရေးကောင်းမွန်သဖြင့် မွေးဖွားပြီး ၃ ရက်အကြာတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.