Connect with us

Videos

တရုတ်ကျေးလက်ဒေသခံများ၏ ရိုးရာ မီးနင်းပွဲတော်

ကျဲ့ကျန်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ပန်အန်းကောင်တီတွင် နတ်ဘုရားကိုးကွယ်မှုအစဉ်အလာနှင့် မကောင်းသော ဘေးဥပါဒ်တို့ လွင့်ပြယ်စေရန်အလို့ငှာ ရိုးရာဓလေ့မီးနင်းပွဲတော်ကို ကျင်းပနေကြဆဲဖြစ်သည်။ကာလရှည်ကြာကျင်းပခဲ့သည့် အဆိုပါ ရိုးရာဓလေ့ အား Lianhuo ခေါ် မီးနင်းပွဲ ဟု ခေါ်ကြသည်။ယင်းဓလေ့ကို လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းကကျင်းပခဲ့ကြသည်။

မီးနင်းပွဲတွင် အမျိုးသားဦးရေ ဆယ်ဂဏန်းမှစတင်ကာ ရာပေါင်းများစွာအထိ ပါဝင်ဆင်နွှဲကြပြီး ခြေဗလာများဖြင့် မီးတရဲရဲခင်းကျင်းထားသော မီးသွေးပုံအထက်ဖြတ်လျှောက်ခြင်းဖြင့် ၎င်းတို့၏ သမာဓိအား အစမ်းသပ်ခံကြသည်။ထိုအခမ်းအနားကျင်းပခြင်းဖြင့် ကံကောင်းခြင်းများအား ဆောင်ကြဉ်းပေးနိုင်ကြောင်း ဒေသခံများက ယုံကြည်ကြသည်။၂၀၀၅ ခုနှစ်တွင် မီးနင်းပွဲဓလေ့သည် ကျဲ့ကျန်းဒေသ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.