Connect with us

Videos

တရုတ်နိုင်ငံအမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတွင် Dongfeng-5B နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ ထုတ်ဖော်ပြသ

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားကိုတရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ရေးပြချီတက်မှုတစ်ခုတွင် Dongfeng-5B နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များကို အုပ်စုတစ်ခုဖွဲ့၍ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ Dongfeng-5B ချီတက်အုပ်စုကို တရုတ်လွတ်မြောက်ရေးတပ်မတော် ဒုံးပျံတပ်ဖွဲ့၏ ဒုံးကျည်တပ်ဖွဲ့ခွဲတစ်ခုမှ ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်ဖွဲ့ကို ၁၉၆ဝ ပြည့်လွန်အစောပိုင်းနှစ် ကာလများတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်များစွာ တိုးတက်မွမ်းမံခဲ့ပြီးနောက်တွင် မဟာဗျူဟာမြောက်ဒုံးကျည်များစွာကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.