Connect with us

Videos

ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံကG20 နိုင်ငံများအား တိုက်တွန်း

ဝူဟန့်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

G20 အဖွဲ့ဝင်နိုင်ငံ ကျန်းမာရေးဝန်ကြီးများ ဗီဒီယို အစည်းအဝေးကို ဧပြီ ၁၉ ရက် တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်ဝန်ကြီး မာရှောင်ဝေက ဝူဟန့်မြို့မှနေ၍ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေး၌ ရရှိထားသော COVID-19အရေး ဖြေရှင်းမှု သဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ ဘက်ပေါင်းစုံကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်ညှိနှိုင်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံသွားပြီး ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားကာ ကျန်းမာရေးစနစ်အားနည်းသည့် နိုင်ငံများ အတွက် လက်တွဲကူညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။အဆိုပါ ဗီဒီယို အစည်းအဝေးတွင် G20အဖွဲ့ဝင်နိုင်ငံများ ဖိတ်ကြားထားသော နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် လူ ၄၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံအသီးသီးရှိ ကျန်းမာရေးဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နိုင်ငံတကာအသိုက်အဝန်းအားလုံး တစ်လှေတည်းစီး၊တစ်ခရီးတည်းသွားကာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ COVID-19 ကပ်ရောဂါကို အမြန်ဆုံး အောင်မြင်စွာတိုက်ဖျက်နိုင်ရေး အတူကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.