Connect with us

Videos

တရုတ်နိုင်ငံထုတ် ပိုးသားပိုးချည်များကို G20 အစည်းအဝေးတွင်ပွဲထုတ်

ဟန်ကျိုး၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးတွင် ကျင်းပပြီးစီးခဲ့သည့် G20 ထိပ်သီး အစည်းအဝေးတွင် တရုတ်ရိုးရာ ပိုးသားပိုးချည်ဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများစွာကိုအသုံးပြုခဲ့သည်။ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် G20 အစည်းအဝေးတွင် အသုံးပြုခဲ့သည့် ဖိတ်စာများ၊ အမည်ကတ်ပြားများ၊ မီနူးများ၊ အစီအစဉ်စာရင်းများနှင့် စားပွဲတင် နံပါတ်များကို ပိုးသားဖြင့်သာပြုလုပ်ထားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ မီတာ ၂ဝ ရှည်ပြီး ၆ မီတာ အမြင့်ရှိသည့် အကြီးဆုံး ပိုးသားနံရံဆေးပန်းချီကိုလည်း ညစာတည်ခင်းသည့် ခန်းမဆောင်အတွင်း လှပစွာချိတ်ဆွဲထားခဲ့ကြောင်းသိရသည်။ ထို ပန်းချီစာမျက်နှာတိုင်းကိုလည်းပိုးသားကို အသုံးပြုပြီး print ထုတ်ယူထားခြင်းဖြစ်သည်။ ထိုပန်းချီကားကြီးပြီးမြောက်ရန် ပန်းချီဆရာများနှင့် အလုပ်သမားများက အချိန် ၂ လခန့်ကြာမြင့်စွာဖန်တီးပြုလုပ်ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.