Connect with us

Videos

ISS တွင်တာဝန်ထမ်းဆောင်ခဲ့သောအာကာသယာဉ်မှူးများကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်

နာဆာ ၊ မတ် ၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အာကာသစခန်းတွင် ရက်ပေါင်း ၃၄ဝ ခန့်နေထိုင်ပြီးနောက် အာကာသယာဉ် မှ နောက်ဆုံးထွက်ခွါလာသူ ရုရှားအာကာသယာဉ်မှူး မီခေး ကော်နီအန်ကို (Mikhail Kornienko) နှင့် အာကာသယာဉ်မှ ဒုတိယမြောက် ထွက်ခွါလာသူ အမေရိကန်အာကာသယာဉ်မှူး စကော့ကယ်လီ (Scott Kelly) တို့သည် ကမ္ဘာမြေသို့ မတ်လ ၂ ရက်နေ့က အန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက် နိုင်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အာကာသစခန်းတွင် ၆လခန့်နေထိုင်ခဲ့ပြီး အာကာသယာဉ်မှ ပထမဆုံးထွက်ခွာလာသူရုရှားအာကာသယာဉ်မှူး ဆာဂျီ ဗော့ကော့ဗ် (Sergei Volkov) သည်လည်း ကမ္ဘာပေါ်သို့အန္တရာယ်ကင်းစွာရောက်ရှိလာခဲ့သည်။

ကော်နီအန်ကို နှင့် ကယ်လီ တို့သည် စမ်းသပ်မှုအမျိုးအစားပေါင်းများစွာ အပြင် အာကာသတွင် လူ့ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရန်နည်းလမ်းများ၊ ကိုယ်အလေးချိန်လျော့ကျမှုများ၊ ဓါတ်ရောင်ခြည်ဆိုင်ရာများ၊ အာကာသယာဉ်ပေါ်တွင်အချိန်ကြာမြင့်စွာနေထိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် ဖိအားများကိုပါလေ့လာ ဆောင်ရွက်ခဲ့ကြသည်။

၎င်းတို့ ၏ ၁၁ လကြာ အတွေ့အကြုံ များသည် ၂ဝ၃ဝ ပြည့်လွန်နှစ်များတွင် မားစ်ဂြိုဟ်သို့ လူများအားပို့ဆောင်နေထိုင်နိုင်ရန်ကြိုးပမ်းလျက်ရှိသော NASA ၏ အလည်အပတ် ခရီးစဉ် အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.