Connect with us

Videos

တရုတ်နိုင်ငံထုတ် အပါးလွှာဆုံး LCD screen များကို ဈေးကွက်တွင်ဖြန့်ဖြူးနိုင်တော့မည်

ဟေဖေ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ အရှေ့ပိုင်း အန့်ဟွေးပြည်နယ် Bengbu မြို့တွင် ပြည်တွင်းဖြစ် အရွယ်အစား ၂.၂ မီလီမီတာ x ၂.၅ မီလီမီတာ ရှိသည့်  8.5 generation  TFT-LCD  (သို့မဟုတ်) အလွန်ပါးလွှာသည့် မျက်နှာပြင်ရှိသည့် LCD အမျိုးအစားကို  ဈေးကွက်အတွင်းဖြန့်ဖြူးနိုင်သည် အထိ ထုတ်လုပ်နေပြီဖြစ်ကြောင်းသိရသည်။ 

 

၎င်း LCD များမှာ အီလက်ထရောနစ် ပစ္စည်းများ၏ မျက်နှာပြင်များတွင် အသုံးပြုသည့် အလွှာပါးနေရာ တွင် ထည့်သွင်းအသုံးပြုရသည့် အဓိကပစ္စည်းတစ်ခုဖြစ်ပြီး အရွယ်အစား ၅၅ လက်မအရွယ် မျက်နှာပြင် ၆ ခုအထိ ထုတ်လုပ်ပေးနိုင်သည်ဟု TFT-LCD   ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Bengbu Glass Industry Design and Research Institute of the China National Building Material Group Co., Ltd က ဆိုသည်။ 

 

တရုတ်နိုင်ငံတွင် ယခင်က ရုပ်ထွက် အရည်အသွေးကြည်လင်ပြတ်သားသည့် မျက်နှာပြင်ထုတ်လုပ်သည့် နည်းပညာ၏ အဓိက အပိုင်းကို နိုင်ငံခြား လုပ်ငန်းအချို့ထံမှ နည်းပညာ မျှဝေသုံးစွဲခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ အီလက်ထရောနစ်နည်းပညာများနှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းမှာ လျှင်မြန်စွာတိုးတက်ထွန်းကားလာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး display မျက်နှာပြင်များထုတ်လုပ်သည့် နိုင်ငံဖြစ်လာခဲ့သည်။ 

 

တရုတ် TV ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာလည်း 8.5 generation  TFT-LCD  ကိုသာ အသုံးပြုလာခဲ့ပြီး တရုတ်နိုင်ငံတွင် နှစ်စဉ် 8.5 generation  TFT-LCD   နှင့် ၎င်းထက်ပိုမိုအဆင့်မြင့်သည့် LCD မျက်နှာပြင် လိုအပ်မှု ပမာဏမှာ စတုရန်းမီတာ သန်း၃၈ဝ အထိ ရှိလာခဲ့သည်။ 

 

ယခု 8.5 generation  TFT-LCD  ကို စီးပွားဖြစ်ဈေးကွက်အတွင်းဖြန့်ဖြူးနိုင်မည်ဆိုပါက တရုတ်နိုင်ငံအတွင်း လိုအပ်သည့် နည်းပညာများနှင့် ထုတ်ကုန်များကို အခြားနိုင်ငံများထံ မှီခို ရယူနိုင်မှုအဆုံးသတ်လာနိုင်တော့ မည်ဖြစ်ကြောင်း Bengbu Glass Industry လုပ်ငန်းစုက ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.