Connect with us

Videos

ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် ပန်းပုပညာရှင်များ အသက်မွေးလုပ်ငန်းအတွက် ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်နေကြရ

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကုန်ကြမ်းရှားပါးလာမှုကြောင့် ဒါးပိန် ပန်းပုရွာမှ ပန်းပုပညာရှင်အများစုသည် မြန်မာနိုင်ငံအနှံ့အပြား ကုန်ကြမ်းပေါရာ ဒေသများတွင် ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ဒါးပိန် ပန်းပုရွာဟု လူသိများသော ဒါးပိန်မြို့ရှိ ဒေသခံအများစုက ပန်းပုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ (Xinhua)