Connect with us

Videos

လက်ရွေးစင်ကစားသမားများ မွေးထုတ်ပေးမည့် ရွှေအောင်လံ ရိုးရာ လက်ဝှေ့ပွဲ

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

မျိုးဆက်သစ် လက်ဝှေ့သမားများအပြင် ရွှေခါးပတ်ဆုရ လက်ဝှေ့သမားများပါ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၃ ရက် မွန်းလွဲပိုင်းက သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် စတင်ကျင်းပခဲ့သည်။ “ ရွှေအောင်လံ ရိုးရာ လက်ဝှေ့ပွဲက နိုင်ငံ့လက်ရွေးစင်ကစားသမားများ ရွေးချယ်သွားမယ့် ပြိုင်ပွဲလည်း ဖြစ်တယ်” ဟု MMAG ဥက္ကဋ္ဌ ဦးဝဏ္ဏက ဆင်ဟွာသို့ ဇွန် ၃ ရက်တွင် ပြောကြားသည်။ဇွန်လ ၃ ရက် ရွှေအောင်လံ ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်း ၄ ခု ထည့်သွင်းကျင်းပခဲ့ပြီး ၅၇ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၃.၅ ကီလိုတန်းနဲ့ ၆၇ ကီလိုတန်းများ ပါဝင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဇွန် ၃ ရက်တွင် ကွာတားဖိုင်နယ် ပထမနေ့ ၊ ဇွန် ၄ ရက်တွင် ကွာတားဖိုင်နယ် ဒုတိယနေ့၊ ဇွန် ၁၁ ရက်တွင် ဆီးမီးဖိုင်နယ်ပွဲစဉ်များနှင့် ဇွန်၁၈ ရက်တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပသွားမယ်လို့ သိရပါတယ်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.