Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့်၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ၈၂ ဦး စေလွှတ်

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၃ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ၈၂ ဦး စေလွှတ်ထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်၊ နာယက ဦးသောင်းတင်က ဆင်ဟွာသို့ ပြောသည်။အဆိုပါ ၁၂ ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ရှစ်ခုမှ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများသည် မေလ ၃၁ ရက်၌ ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ရေကူး၊ ပြေးခုန်ပစ်၊ မသန်စွမ်းဘောလုံး၊ မသန်စွမ်းဘော်လီဘော၊ ဂိုးလ်ဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် မျက်မမြင်စစ်တုရင် စသည့် အားကစားနည်း ၈ မျိုးကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါအားကစားပြိုင်ပွဲများ၌ ရေကူးအားကစားနည်းတွင် ၁၀ဦး၊ ပြေးခုန်ပစ်အားကစားနည်းတွင် ၂၅ ဦး၊ အလေးမ အားကစားနည်းတွင် ၇ ဦး၊ မသန်စွမ်းဘော်လီဘော အားကစားနည်းတွင် ၁၂ ဦး၊ ဂိုးလ်ဘောအားကစားနည်းတွင် ၆ ဦး၊ မျက်မမြင်စစ်တုရင် အားကစားနည်းတွင် ၆ ဦး၊ စားပွဲတင် တင်းနစ်အားကစားနည်းတွင် ၂ ဦး၊ မသန်စွမ်း ဘောလုံးအားကစားနည်းတွင် ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့၌ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများက ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခုနဲ့ ကြေးတံဆိပ် ၁၇ ခု ရရှိခဲ့ကြောင်း သိရသည်။၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကို ကမ္ဘောဒီးယားနိုင်ငံတွင် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117