Connect with us

Videos

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံ CERES-1 Y6 ဖြင့် ဂြိုဟ်တုနှစ်စင်း လွှတ်တင်

ကျိုချွမ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို ဇူလိုင် ၂၂ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံကို လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၀၇ နာရီ၌ လွှတ်တင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုနှစ်စင်းဖြစ်သော Qiankun-1 နှင့် Xingshidai-16 တို့ကို စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့လွှတ်ခဲ့သည်။ပေကျင်းမြို့အခြေစိုက် နည်းပညာမြင့်ကုမ္ပဏီကြီးဖြစ်သော Galactic Energy မှ တီထွင်ထုတ်လုပ်ထားသော CERES-1 ဒုံးပျံသည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ သေးငယ်သောဂြိုဟ်တုလေးများ လွှတ်တင်နိုင်စွမ်းရှိသည့် သယ်ဆောင်ရေးဒုံးပျံတစ်စင်းဖြစ်သည်။ ယခုအကြိမ်လွှတ်တင်မှုသည် CERES-1 သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ဆဋ္ဌမမြောက်ပျံသန်းရေးမစ်ရှင်လည်း ဖြစ်သည်။ (Xinhua)

——————————
China’s commercial rocket CERES-1 Y6 launches 2 satellites
China on Saturday launched the CERES-1 Y6 carrier rocket from the Jiuquan Satellite Launch Center in northwest China.
The commercial rocket blasted off at 1:07 p.m. (Beijing Time) from the launch site, sending two commercial satellites, Qiankun-1 and Xingshidai-16, into the planned orbit.
Developed by the Beijing-based high-tech company Galactic Energy, the CERES-1 is a carrier rocket capable of sending micro-satellites into orbit.
The launch was the sixth flight mission of the CERES-1 rocket series.
Xinhua News Agency correspondents