Connect with us

Videos

တရုတ်နိုင်ငံတော်ကောင်စီက ရေကြီးရေလျှံမှုနှင့် မိုးခေါင်ခြင်း လျော့ပါးရေးလုပ်ငန်းများ မဖြစ်မနေကြိုးပမ်းအားထုတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အလေးထားပြောကြား

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် မိုးခေါင်မှု လျော့ပါးသက်သာရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်တွင် ဝန်ကြီးချုပ် လီချန် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော အမှုဆောင်အစည်းအဝေး၌ အလေးထားပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးက ပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်များကို ပထမနေရာတွင် ထားရှိရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးလုပ်ငန်းအတွက် ပြင်ဆင်မှုများ တိုးမြှင့်ရန်နှင့် အဓိကကျ၍ ရပ်တည်ရန်ခက်ခဲသောဧရိယာများရှိ မမြင်တွေ့နိုင်သော အန္တရာယ်များကို ထိန်းသိမ်းရေးအတွက် ထိရောက်သောဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အလေးထားဖော်ပြခဲ့သည်။

ထိုသို့ကြိုးပမ်းအားထုတ်ရာတွင် မိုးခေါင်မှုလျော့ပါးရေးအတွက် ရေအရင်းအမြစ်များ ဖြန့်ဝေပေးနိုင်ရန်နှင့် မြို့ပြနှင့် ကျေးလက်ဒေသများ အထူးသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေး၌ ရေလုံလုံလောက်လောက်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………

China’s State Council stresses need for efforts in flood, drought relief work
BEIJING, July 22 (Xinhua) — China’s State Council stressed efforts in flood prevention and drought relief at an executive meeting chaired by Premier Li Qiang on Friday.
The meeting stressed the need to put the people and their lives first, enhance preparedness for flood prevention and drought relief work, and take effective measures to defuse hidden dangers in key and vulnerable areas.
Efforts should also be made to distribute drought relief water resources and ensure water security in urban and rural areas, especially for grain production, the meeting said.
Photo: Rescuers clean a flooded street in Wanzhou District, southwest China’s Chongqing Municipality, July 14, 2023. (Xinhua/Huang Wei)