Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် အထည်ချုပ်စက်ရုံလုပ်သားများအတွက် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်

ဖနွမ်းပင် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ အဝတ်အထည် ၊ ဖိနပ် နှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍရှိ လုပ်သားများအတွက် လစဉ်အနည်းဆုံးလုပ်အားခနှုန်းထားအသစ်အား လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၉၄ ဒေါ်လာရှိရာမှ ၃ ဒသမ ၀၉ ရာခိုင်နှုန်း တိုးမြှင့်ကာ ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၂၀၀ ခန့်အထိ သတ်မှတ်လိုက်ကြောင်း အလုပ်သမားဝန်ကြီး Ith Samheng က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။အနည်းဆုံးလုပ်အားခဆိုင်ရာ အမျိုးသားကောင်စီက လာမည့်နှစ်အတွက် တစ်လလျှင် အနည်းဆုံးလုပ်အားခကို အမေရိကန်ဒေါ်လာ ၁၉၈ ဒေါ်လာခန့် ဆန္ဒပြုခဲ့ရာ အစိုးရက အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ထပ်ပေါင်းပေးခဲ့ပြီးနောက် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအနည်းဆုံးလုပ်အားခအသစ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အထည်ချုပ်၊ ဖိနပ် နှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍရှိ လုပ်သားများသည် လုပ်အားခအပြင် ပုံမှန်အလုပ်ဆင်းခြင်း ၊ သယ်ယူပို့ဆောင်ရေး ၊ ဌားရမ်းခ နှင့် လုပ်သက်ဆုကြေးအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာမှ ၃၂ ဒေါ်လာအထိ အပိုအကျိုးခံစားခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
—————————-

Cambodia raises minimum wage for garment factory workers for 2023
Cambodia on Wednesday set a new monthly minimum wage for workers in the country’s garment, footwear and travel goods sector at some 200 U.S. dollars from 2023, up 3.09 percent from the current level of 194 U.S. dollars, Labor Minister Ith Samheng said.
The announcement came after the National Council for Minimum Wage voted on a minimum wage of about 198 U.S. dollars per month for next year, which was then added by 2 U.S. dollars by the government.
“This new minimum wage will take effect from Jan. 1, 2023,” he added.
Besides wage, workers in the garment, footwear and travel goods sector will also receive other fringe benefits of 21-32 U.S. dollars per month for regular attendance, transportation, rent and seniority bonus, the minister said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.