Connect with us

Videos

အာဖဂန်ငွေကြေး တည်ငြိမ်စေရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်း လေလံတင်ရောင်းချ

ကဘူးလ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်ငွေကြေး တည်ငြိမ်စေရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂ သန်း လေလံတင်ရောင်းချခဲ့ကြောင်း အာဖဂန်နစ္စတန် ဗဟိုဘဏ် (DAB) က ပြောကြားခဲ့သည်။
နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်များအတွင်း အထူးသဖြင့် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် အာဖဂန်ငွေကြေးမှာ အလွန်အမင်းဈေးနှုန်းကျဆင်းနေသည့်ကြားမှ ယခုလိုဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခင်သီတင်းပတ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် အာဖဂန်ငွေ ၈၈ ရှိခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင်မူ ၈၈.၇၇ အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်က အလားတူ ဆောင်ရွက်မှုမျိုးအဖြစ် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်ကလည်း အမေရိကန်ဒေါ်လာ ၁၂ သန်းကို လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

သို့ရာတွင် စစ်မက်ဒဏ်ခံစားရပြီး ချွတ်ခြုံကျနေသော အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးရန် ဒေသတွင်းနှင့် နိုင်ငံခြား ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုမပြုပါက အာဖဂန်ငွေကြေးနှင့် နိုင်ငံခြားငွေကြေးလဲလှယ်ရာတွင် ဆက်လက်ကျဆင်းနိုင်မည်ဟု လေ့လာသူများက ယုံကြည်ထားသည်။

…………………………..

Afghan central bank to auction 12 mln USD to stabilize local currency

Afghanistan’s Da Afghanistan Bank (DAB) said on Wednesday that it has put in auction 12 million U.S. dollars as part of efforts to keep the local currency afghani stable.
The central bank’s decision was made amid tumbling afghani against foreign currencies, especially the U.S. dollar, in the moneychangers markets.
The exchange rate of one U.S. dollar was 88 afghani last week, but it rose to 88.77 afghani on Tuesday.
In similar efforts, the central bank auctioned 12 million U.S. dollars a couple of weeks ago.
However, observers believe that afghani would continue to lose against foreign currencies unless local and foreign companies invest in the war-torn and impoverished country to create job opportunities for the Afghans.
Xinhua News Agency correspondents reporting from Kabul.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.