Connect with us

Videos

တရုတ်လေအားလျှပ်စစ်တာဘိုင်များက ထိုင်းနိုင်ငံ၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အသွင်ပြောင်းလဲမှုကို တွန်းအားပေး

ဘန်ကောက် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကီလိုမီတာ ၃၀၀ ခန့်အကွာ၊ နိုင်ငံ အရှေ့မြောက်ပိုင်း Chaiyaphum ပြည်နယ်အတွင်းရှိ မီတာ ၁၂၀ အမြင့်ရှိသော လေအားလျှပ်စစ်တာဘိုင် အမြောက်အမြားက ဒေသတွင်းလျှပ်စစ်ကွန်ရက်ထံသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်လျက်ရှိကြောင်း သိရသည်။Chaiyaphum လေစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ Goldwind ၏ စုစုပေါင်း ၈၀ မဂ္ဂါဝပ် ထွက်ရှိသည့် လေအားလျှပ်စစ်တာဘိုင် ၃၂ ခု တပ်ဆင်ထားပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံး ပြည်နယ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခွင့်ရှိထားသောအဖွဲ့နှင့် မိတ်ဖက်ဆောင်ရွက်သည့် အဓိက စွမ်းအင်ထုတ်လုပ်ရေး EGCO က လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ လေအားအရင်းအမြစ် ကြွယ်ဝသည့် ဒေသများအနက် တစ်ခုဖြစ်သည့် Chaiyaphum ပြည်နယ်သည် လေစွမ်းအင် ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေအနေကောင်းများအား ပေးအပ်လျက်ရှိပြီး Vestas ၊ Siemens Gamesa နှင့် GE ကဲ့သို့သော ကမ္ဘာ့ဦးဆောင် လေအားလျှပ်စစ်တာဘိုင်ထုတ်လုပ်သူများအနက် တစ်ချို့အား ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၂၀၃၆ ခုနှစ် နှစ်ကုန်မတိုင်မီ စုစုပေါင်း စွမ်းအင်သုံးစွဲမှုပမာဏတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အချိုးအစားအား ၃၀ ရာခိုင်နှုန်းအထိ တိုးလာစေရန် အဆိုပြုထားသည်။ ထိုင်းနိုင်ငံသည် လေစွမ်းအင်တစ်ခုတည်းဖြင့်ပင် ၂၀၃၀ ခုနှစ် နှစ်ကုန်မတိုင်မီ ၎င်းတို့၏ လက်ရှိ ထုတ်လုပ်နိုင်စွမ်းကို နှစ်ဆတိုးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။အဆိုပါ လမ်းပြမြေပုံအား အခြေခံကာ EGCO သည် ၎င်းတို့၏ တရုတ်လူမျိုးလုပ်ဖော်ကိုင်ဖက်များဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံစဉ်းစားထားပြီး ဖြစ်ကြောင်း သိရသည်။

“Goldwind က သက်ဆိုင်ရာပညာရပ်တွင် နောက်ဆုံးပေါ်နည်းပညာနဲ့ ယုံကြည်စိတ်ချရတဲ့ ထုတ်ကုန်တွေနဲ့အတူ သန့်ရှင်းတဲ့ စွမ်းအင်ကဏ္ဍမှာ ယုံကြည်ရတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦး ဖြစ်တယ်ဆိုတာ ကိုယ်တိုင် သက်သေပြခဲ့ပြီး ဖြစ်တယ်။”ဟု EGCO ၏ လျှပ်စစ်ဓာတ်အားစက်ရုံလုပ်ငန်း ၃ ၏ အထွေထွေမန်နေဂျာ CHAIWUT SAENGPREDEKORN က ပြောကြားခဲ့သည်။ (Xinhua)
#China #Thailand #Green #Energy #တရုတ်နိုင်ငံ #ထိုင်းနိုင်ငံ #ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး #စွမ်းအင် #foryou #news #xinhua #xinhuamyanmar

—————————————–
Chinese wind turbines fuel Thailand’s green transformation
In Thailand’s northeastern Chaiyaphum province, about 300 km from Bangkok, several 120-meter-high wind turbines are delivering power to the local grid.
The Chaiyaphum wind farm hosts 32 of China’s Goldwind wind turbines with a total capacity of 80 MW and is operated by EGCO, a major energy producer affiliated with the largest state utility Electricity Generating Authority of Thailand.
As one of the regions with the richest wind resources in Thailand, Chaiyaphum province offers great conditions for wind power investments and has drawn some of the world’s leading wind turbine makers such as Vestas, Siemens Gamesa and GE.
The Thai government has proposed to increase the proportion of renewable energy in total energy consumption to 30 percent by 2036. For wind power alone, Thailand plans to double its current capacities by the end of 2030.
Based on this roadmap, EGCO has already considered further cooperation with its Chinese partner.
SOUNDBITE (English): CHAIWUT SAENGPREDEKORN, General manager, EGCO’s Power Plant Business 3
“Goldwind has proven itself to be a reliable strategic partner in the clean energy sector with state-of-the-art technology and reliable products.”
Xinhua News Agency correspondents reporting from Bangkok.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.