Connect with us

Videos

တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတိုးတက်မှုအပေါ် အိန္ဒိယလူမျိုးမော်တော်ယာဉ်ဒီဇိုင်နာချီးကျူး

ကျန်းကျိုး၊ ဇွန်၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းကျိုးတွင် နေထိုင်သည့် အိန္ဒိယလူမျိုး မော်တော်ယာဉ် ဒီဇိုင်နာတစ်ဦးက တိုးတက်လာသည့်တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းအပေါ် ချီးကျူးခဲ့သည်။

Sushanth Sumanth ဆိုသူသည် တရုတ်နိုင်ငံ ၏ ထိပ်သီးမော်တော်ယာဉ်ထုတ်လုပ်ငန်း Yutong Group တွင် ၃ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။Yutong ကုမ္ပဏီက ထုတ်လုပ်သည့် မောင်းသူမဲ့ဘတ်စ်ကား “Xiaoyu” အား ဒီဇိုင်းထုတ်လုပ်ရာတွင် ၎င်းက ပါဝင်ခဲ့သည်။

Sushanth Sumanth က “ ဒါက Yutong ကုမ္ပဏီရဲ့ မောင်းသူမဲ့ဘတ်စ်ကား “Xiaoyu” ကားလေ၊ ဒီကားကတော့ ကုမ္ပဏီ ဝင်းထဲမှာ အခြား ရုံးခန်းတွေကိုသွားဖို့လိုရင်စီးလို့ရတဲ့ ဘတ်စ်ကားပေါ့၊ ဒီကနေ့မှာတော့ ကျွန်တော် ဒီဘတ်စ်ကားနဲ့ ရုံးခန်းကိုခေါ်သွားပါမယ်” ဟုဆိုသည်။

Sumanth က ၎င်း၏ နေ့စဉ်လုပ်ငန်းတွင် တရုတ်နိုင်ငံ၏ တိုးတက်လာသည့် မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍ ၏ အင်အားတောင့်တင်းလာမှုကို ကောင်းစွာသိရှိနားလည်ခဲ့ကြောင်းဆိုသည်။

“ ဒီနေရာကတော့ကျွန်တော်တို့ က ပုံစံပိုင်း ကိုတာဝန်ယူရတဲ့နေရာပေါ့ ဘတ်စ်ကား ကို ဘယ်လိုပုံစံ ထုတ်မယ်ဆိုတာကိုကျွန်တော်တို့က ဆုံးဖြတ်ရပါတယ်။ နောက်ပြီးကျွန်တော်က ကားအတွင်းဒီဇိုင်းပိုင်းတာဝန်ခံဖြစ်ပါတယ် ။ ကျွန်တော် တရုတ်နိုင်ငံကိုရောက်လာတာ ၃ နှစ်ရှိပါပြီ။ နောက်ပြီး ၃ နှစ်အတွင်း ကျွန်တော်ဟာ တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်ငန်းဟာ ဒီဇိုင်းပိုင်းမှာလည်း ခေတ်နဲ့အညီရင်ပေါင်တန်းဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဈေးကွက်မှာခေါင်းဆောင်အဖြစ်နေရာရနေ တာကိုမြင်တွေ့ခဲ့ရပါတယ်။ အနာဂတ်ဟာကျွန်တော့်ရဲ့ တစ်ကိုယ်စာ အလုပ်အကိုင်အတွက်သာ ကောင်းမွန်စေရုံသာမကဘဲ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးအတွက်ပါ ကောင်းမွန်စေတာပါ။ တရုတ်နိုင်ငံရဲ့အနာဂတ်ဟာသိပ်ကို ဖြောင့်ဖြူးကောင်းမွန်နေပြီဆိုတာကိုကျွန်တော်ခံစားမိပါတယ်” ဟုဆိုသည်။ (Xinhua)

………………..
(English Version)

GLOBALink | Vlog: Indian car designer impressed with growth of China’s auto industry
ZHENGZHOU, June 25 (Xinhua) — An Indian car designer who now lives in China’s Zhengzhou says he’s impressed with the growth of China’s auto industry.
Sushanth Sumanth has worked for leading Chinese bus maker Yutong Group for three years.
He participated in designing Yutong’s auto-drive bus “Xiaoyu.”
SOUNDBITE (English): SUSHANTH SUMANTH, Indian car designer
“This is the Xiaoyu, this is Yutong’s autonomous bus. And this is the bus we can take inside our company campus if you want to go to any office that we need to visit. Today, I will take you on the bus to my office.”
Sumanth says he could feel the vigor of China’s intelligent automobile industry in his daily work.
SOUNDBITE (English): SUSHANTH SUMANTH, Indian car designer
“This is where we are in charge of styling. We decide what the bus looks like. And I am in charge of exterior design. It’s been three years since I came to China. And in the 3 years, I’ve seen the (Chinese) automotive industry in terms of design grow from being following trend to becoming a market leader. The future is not only good for my personal career but also, on the whole, for the entire automotive industry. I feel the future in China is very strong.”
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.