Connect with us

Videos

တရုတ်နိုင်ငံ နင်းရှဒေသက ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဖွံ့ဖြိုးတိုးတက်မှုအား အကောင်အထည်ဖော်ရန် သဲကန္တာရအရင်းအမြစ်များအား ဖော်ထုတ်

ရင်ချွမ်း ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ရှင်သန်နိုးကြားလာစေရေး တွန်းအားပေးဆောင်ရွက်နေစဉ်အတွင်း နင်းရှဒေသရှိ ကျယ်ပြောလှသော မြေလွတ်များသည် အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။

နင်းရှဒေသ၏ မြို့တော် ရင်ချွမ်းမြို့ ကျေးလက်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် ကျယ်ပြောလှသော သဲကန္တာရ နေရာလွတ်များနှင့် နေရောင်ခြည် ကြွယ်ဝမှုကို ယူထားသည့် ပုံစံတစ်ခုသို့ ဖော်ဆောင်လျက် ရှိသည်။ ပတ်ဝန်းကျင် စိမ်းလန်းစို ပြေရေး စွမ်းအင်ကို ထောက်ပံ့ပေးနေစဉ်အတွင်း ဓာတ်အားပေးစက်ရုံက ဆိုလာပြားများ၏ အောက်ပိုင်းမှာ ထွန်ယက်စိုက်ပျိုးပင်တွေ ရှင်သန်ကြီးထွားမှုကို အားပေးလျက်ရှိကြောင်းလည်း သိရသည်။

စိုက်ပျိုးရေး နှင့် အစိမ်းရောင်စွမ်းအင် ဂေဟစနစ်နှစ်ခုသည် နင်းရှဒေသအနှံ့ ကျယ်ပြန့်လာနေလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်အား တစ်ဖြည်းဖြည်း ပြောင်းလဲလာနေကြောင်း သိရသည်။

ကျုံးဝေ့မြို့ရှိ ထိန်ကယ်လီ ကန္တာရ တောင်ဘက်အစွန်း၌ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများသည် ဧရိယာ ဟက်တာ ၄,၀၀၀ အကျယ်အဝန်း ရှိကြောင်း သိရသည်။

ဟွာနန် အမှတ် ၁ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအား ၂၀၁၁ ခုနှစ်တွင် ကျုံးဝေ့မြို့၌ တည် ဆောက်ခဲ့ပြီး ယခုအခါ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးကာ ဂေဟစနစ် ပြန်လည်ထူထောင်ရေး နှင့် ကာကွယ်ရေးကို ကူညီပေးနေကြောင်း သိရသည်။

“နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးတဲ့နောက် ကျွန်တော်တို့တွေက သဲတွေကို ပြင်ဆင်ပြုပြင်တာနဲ့ညှိတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ဂေဟစနစ်အပေါ်မှာ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်” ဟု နင်းရှဒေသရှိ ဟွာနန် အမှတ် ၁ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ညွှန်ကြားရေးမှူး လျိုချွမ်းမင်က ပြောကြားခဲ့သည်။

နှစ်များစွာအတွင်း သဲကန္တာရ၏ နေရာအများအပြားသည် တဖြည်းဖြည်း စိမ်းလန်းလာပြီး သီးနှံဖြစ်ထွန်းသောမြေများ ဖြစ်လာခဲ့ကာ ဒေသခံလယ်သမားများသည် လယ်ယာလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကြောင့် အလုပ်အကိုင်များ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.