Connect with us

Videos

CPEC လျှပ်စစ်ပို့လွှတ်ရေးစီမံကိန်းက ပါကစ္စတန်နိုင်ငံအတွက် စိမ်းလန်း ပြီး သန့်ရှင်းသည့်လျှပ်စစ်စွမ်းအင်များ ထောက်ပံ့

အစ္စလာမ်မာဘတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်တွင် ဆောင်ရွက်သည့် Matiari-Lahore ဗို့ထ်အားမြင့် လျှပ်စစ်တိုက်ရိုက်ပို့လွှတ်ရေး စီမံကိန်းက ပါကစ္စတန်နိုင်ငံကို စိမ်းလန်းပြီးသန့်စင်သည့် လျှပ်စစ်ဓါတ်အားများ ပို့လွှတ်ပေးလျှက်ရှိသည်။

၈၈၆ ကီလိုမီတာ အရှည်ရှိသော အဆိုပါ စီမံကိန်း ကို Pak Matiari-Lahore Transmission Company (Pvt) Limited မှ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တရားဝင် စတင်လည်ပတ်ခဲ့သည်။

အဆိုပါ စီမံကိန်းဖြင့် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း အများဆုံး ၃၅ ဘီလီယံ အထိ နှစ်စဉ် ပို့လွှတ်ပေးနိုင်သည်။

အဆိုပါ စီမံကိန်းကို State Grid Corporation of China လုပ်ငန်းမှ တရုတ်နိုင်ငံ ၏ စံချိန်စံညွှန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရှိ ယန္တရား ၉၈ ရာခိုင်နှုန်းနီးပါးကို တရုတ်နိုင်ငံမှ ကုမ္ပဏီ များက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နှင့်ပါကစ္စတန်နိုင်ငံမှ ဝန်ထမ်းများက စီမံကိန်းချောမွေ့စွာပြီးစီးရန် တစ်နှစ်ပတ်လုံး Lahore Converter
Lahore Converter Station မှ လုပ်ငန်းခွင်မန်နေဂျာဖြစ်သူ ZHOU QUANHUI က

“ ပါကစ္စတန်နိုင်ငံဟာ အပူပြင်းဆုံးရာသီဥတုထဲကိုဝင်ရောက်လာပြီဖြစ်ပါတယ် ဒီတော့ လျှပ်စစ် အသုံးပြုကြတဲ့ ဝန်အားကလည်း သိသိသာသာမြင့်တက်လာပါတယ်။ စီမံကိန်းရဲ့ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံက ဝန်ထမ်းတွေဟာ ဒေသတွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အချိန်ပြည့်တာဝန်ထမ်းဆောင်နေကြပါတယ်” ဟုဆိုသည်။

လျှပ်စစ်ဓါတ်အားလုံလောက်မှုမရှိခြင်းသည် အမြဲတစ်စေ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အလွန်အထိနာသည့် အချက်တစ်ခု ဖြစ်နေခဲ့သည်။

စီမံကိန်း ကြောင့် ပါကစ္စတန်နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၉.၃ သန်း ခန့် အတွက် လျှပ်စစ်ပြတ်လတ်မှုကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပြီး စီမံကိန်းဆောက်လုပ်ရေးကာလအတွင်း ဒေသခံများအတွက် အလုပ်အကိုင်ပေါင်း ၇,၀၀၀ ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့သည်။

Lahore Converter Station မှ လုပ်ငန်းခွင်မန်နေဂျာဖြစ်သူ ZHOU QUANHU က
“ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံ က ဖော်ဆောင်နေတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု BRI ကို State Grid Corporation of China က အကောင်အထည်ဖော်ဆောင်နေတယ်ဆိုတဲ့ အကောင်းဆုံး နမူနာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့လို တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့တဲ့လုပ်ငန်းတွေအနေနဲ့ ဒါဟာ ကျွန်တော်တို့ကို နိုင်ငံခြားကိုသွားရောက်ပြီး အပြန်အလှန်လေ့လာသင်ယူနိုင်မယ့်အလွန်အရေးကြီးတဲ့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)
……………………..
(English Version)
GLOBALink | CPEC transmission project providing green, clean electricity to Pakistan
ISLAMABAD, June 7 (Xinhua) — The Matiari-Lahore high-voltage direct current (HVDC) transmission line project under the China-Pakistan Economic Corridor (CPEC) is providing green and clean electricity to Pakistan.
The 886 km-long project was completed by the Pak Matiari-Lahore Transmission Company (Pvt) Limited and started its commercial operation in September 2021.
It has the maximum capacity to transmit electricity of 35 billion kilowatt-hours annually.
The project was invested, constructed and is being operated by the State Grid Corporation of China in accordance with Chinese standards, with approximately 98 percent of the project’s equipment being supplied by Chinese companies.
Chinese and Pakistani employees work at the Lahore Converter Station all the year round to ensure the smooth operation of the project.
SOUNDBITE 1 (Chinese): ZHOU QUANHUI, On-site manager of Lahore Converter Station
“Pakistan has entered its hottest season, and the power load increases sharply. The Chinese and Pakistani employees of the project stick to their positions around the clock to meet the local electricity demand.”
Insufficient power has always been a pain point plaguing Pakistan’s economic development.
The project has resolved an electrical shortfall in about 9.3 million Pakistani households, and around 7,000 jobs had been created for the locals during the construction of the project.
SOUNDBITE 2 (Chinese): ZHOU QUANHUI, On-site manager of Lahore Converter Station
“The project is one of the best examples of State Grid Corporation of China engaging in the Belt and Road Initiative (BRI). For our Chinese-funded enterprises, it’s also an important opportunity for us to go overseas and learn from each other.”

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.