Connect with us

Videos

BRICS သဘောတူညီချက်က လူသားများအတွက် ဘုံဖွံ့ဖြိုးတိုးတက်မှုတွန်းအားဖြစ်သင့်

နယူးဒေလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်ရှိ အလွန်အရေးကြီးသည့်ကဏ္ဍစုံဖိုရမ်တစ်ခုဖြစ်သည့် BRICS သည် တည်ငြိမ်မှု၊ငြိမ်းချမ်းမှုနှင့်လူသားမျိုးနွယ်တို့အတွက် ဘုံဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်လာစေသင့်ကြောင်း မွမ်ဘိုင်းအခြေစိုက် think tank Observer Research Foundation မှ ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ Sudheendra Kulkarni က ဆိုသည်။

Sudheendra Kulkarni က “ BRICS ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ သိပ်ကိုအရေးကြီးတဲ့ ကဏ္ဍစုံ ဖိုရမ်တစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ပါပြီ၊ BRICS ဟာ တည်ငြိမ်မှု၊ တည်ငြိမ်မှု၊ငြိမ်းချမ်းမှုနဲ့လူသားမျိုးနွယ်တို့အတွက် ဘုံဖွံ့ဖြိုးတိုးတက်မှု အပေါ်တွန်းအားတစ်ခုဖြစ်လာစေသင့် ပါတယ်။BRICS ရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ ကမ္ဘာပေါ်မှာ ရင်ဆိုင်နေရတဲ့ အဓိက နိုင်ငံရေးကိစ္စရပ်တွေအတွက် သဘောတူညီမှုတစ်ခုကို ဖန်တီးရာမှာပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ရတဲ့သဘောပါပဲ၊ BRICS မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကိုကိုယ်စားပြုနေပါတယ် ဒါကြောင့် BRICS မှာခိုင်မာတဲ့ ကမ္ဘာသစ်ရဲ့ အစီအစဉ်ရှိနေရမှာဖြစ်တဲ့အပြင် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအသစ်ကိုလည်းအစီအစဉ်ချမှတ်ရမှာပါ၊ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစီအစဉ်ဟာဆိုရင် ဒီမိုကရေစီနည်းလမ်းတကျဖြစ်သင့်ပါတယ်၊ အဲဒီမှာအလုံးစုံပါဝင်သင့်ပါတယ်၊ အဲဒါက နိုင်ငံကြီးတွေရော နိုင်ငံငယ်တွေပါအကုန်လုံးကို ဂရုစိုက်သင့်ပါတယ်။

ဒုတိယ ပူးပေါင်းဆောင်ရွက်မှုဧရိယာကတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပါပဲ၊ ကမ္ဘာ့စီးပွားရေးက ကျဆင်းနေပါတယ်၊ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ အရေးပေါ်လိုအပ်နေပါပြီ၊ နောက်ပြီး ကမ္ဘာ့စီးပွားရေးအတွက် တွန်းအားသစ်တွေကိုလည်းဖော်ဆောင်ရမှာဖြစ်ပြီး BRICS က အဲဒီလမ်းကိုပြသသင့်ပါတယ်၊BRICS ကိုတိုးချဲ့တာဟာ အယူအဆတစ်ခုဖြစ်ပြီး အဲဒါ ကိုကျင့်သုံးချိန်တန်ပါပြီ၊ ဒီနှစ်တွေထဲမှာ တိုက်ကြီးအသီးသီးက နိုင်ငံပေါင်းမြောက်မြားစွာမှာ ဈေးကွက်တွေထွက်ပေါ်လာပြီး နိုင်ငံတွေ လျှင်မြန်စွာတိုးတက်လာတာကို တွေ့ခဲ့ပြီးဖြစ်ပါတယ်၊ ဒါကြောင့် BRICS စင်္ကြံကို BRICS Plus အဖြစ် ဖန်တီးပြီး ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ချိန်တန်ပါပြီ။ ဒါဟာ BRICS ကို ပိုမိုပြီး ဒီမိုကရေစီနည်းလမ်းကျလာစေမှာဖြစ်ပြီး ပိုမို ကိုယ်စားပြုမှုရှိလာစေမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာဖိုရမ်တွေမှာလည်း BRICS ရဲ့ သဘောတူညီမှုတွေကို ထည့်သွင်းတွက်ချက်ရမှာပါ

၂၁ ရာစုမှာ BRICS ဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့ရဲ့ အခြေအနေပေါ်မူတည်ပြီး ဦးဆောင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်လာသင့်တဲ့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံရေးအစီအစဉ်သစ်တစ်ခုကို ဖန်တီးဖော်ဆောင်သင့်ပါတယ်” ဟုဆိုသည်။ (Xinhua)

……………..
GLOBALink | BRICS should become force for common development of humankind: Indian expert
Sudheendra Kulkarni, former chairman of Mumbai-based think tank Observer Research Foundation has said that as a very important multilateral forum in the world, the BRICS should become a force for stability, peace, and the common development of humankind.

SOUNDBITE (English): SUDHEENDRA KULKARNI, Former chairman of Mumbai-based think tank Observer Research Foundation
“BRICS has now emerged as a very important multilateral forum in the world. BRICS should become a force for stability, for peace, and for the common development of humankind.
The most important area for BRICS to expand its cooperation is in creating a consensus on major political issues confronting the world. BRICS represents nearly 40 percent of the global population, and therefore BRICS should have a strong say in the new world order, and in the new global governance order. The new global governance order should be democratic. It should be inclusive. It should care for all big countries, as well as small countries.
The second area of cooperation is economic cooperation. The global economy is slowing down. Therefore, there is an urgent need for all the countries in the world to cooperate. Even more, to bring new momentum to the global economy, and BRICS should show the way.
BRICS plus is a concept whose time has come. In these years, we have seen many more countries on different continents, which have become emerging markets, and rapidly rising countries. Therefore the time has come to expand the BRICS platform by making it BRICS plus. This will make BRICS more democratic, more representative, but it will also add to the voice of BRICS in global forums.
BRICS in the 21st century should become the leader of the changing world order, and create a new political agenda, which appeals to the majority of the countries in the world.”

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.