Connect with us

Videos

တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပထမအကြိမ်လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပထမအကြိမ်လှူဒါန်းခဲ့သည့် အခမ်းအနားကို ဇွန် ၁၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူခဲ့သည်။ (Xinhua)