Connect with us

Videos

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် ဆီးရီးယားနိုင်ငံသို့ စားနပ်ရိက္ခာ တန်ချိန် ၃,၅၀၀ ကျော် လှူဒါန်း

ဒမတ်စကတ်စ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း ဆိုးရွားသည့် မြေငလျင်များ လှုပ်ခတ်ပြီး စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံအား ပြန်လည်ထူထောင်ရေး ကူညီသည့် အနေဖြင့် စားနပ်ရိက္ခာ တန်ချိန် ၃,၅၀၀ ကျော်ကို ဇွန် ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။ဆီးရီးယား အာရပ်လခြမ်းနီ(SARC) ဥက္ကဋ္ဌ Khaled Hboubati နှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Shi Hongwei တို့သည် ဒမတ်စကတ်စ်မြို့ရှိ SARC ရုံးချုပ်၌ ပြုလုပ်သည့် ဂျုံတန်ချိန် ၂,၃၃၆ တန် နှင့် ဆန်တန်ချိန် ၁,၁၈၀ တန်ချိန် တင်ပို့မှု ငါးခုအား လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————–
China donates more than 3,500 tonnes of grain to quake-hit Syria
China on Sunday donated more than 3,500 tonnes of grain to Syria to aid the war-torn country’s recovery from the aftermath of the deadly earthquakes in February.
President of Syrian Arab Red Crescent (SARC) Khaled Hboubati and Chinese Ambassador to Syria Shi Hongwei attended the handover ceremony of five shipments of 2,336 tonnes of wheat and 1,180 tonnes of rice, at the SARC’s headquarters in Damascus.
Xinhua News Agency correspondents reporting from Damascus.
(XHTV)