Connect with us

Videos

ဂျပန်နိုင်ငံ၏ သမုဒ္ဒရာထဲသို့ ရေဆိုးစွန့်ထုတ်မှုက ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှု ၊ စည်းလုံးညီညွှတ်မှုအား တိုက်ခိုက်ခြင်းဖြစ်ဟု ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် ပြောကြား

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Manasseh Sogavare က ဂျပန်နိုင်ငံက သမုဒ္ဒရာထဲသို့ နျူကလီးယားရေဆိုးများ စွန့်ထုတ်မှုအား စက်တင်ဘာ ၂၂ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုနှင့် စည်းလုံးညီညွှတ်မှုအား ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် Manasseh Sogavare က ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေဆွေးနွေးပွဲ၌ ပြောကြားရာတွင် ဆော်လမွန်ကျွန်းစုနိုင်ငံသည် စိတ်သဘောထားခြင်းတူညီသည့် ပစိဖိတ်ကျွန်းသား/သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း နှင့် သမုဒ္ဒရာထဲသို့ နျူကလီးယားရေဆိုး တန်ချိန် ၁ သန်းကျော် စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကြောင့် ထိတ်လန့်သွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————-

Japan’s ocean discharge is attack on global trust, solidarity: Solomon Islands PM
Prime Minister of the Solomon Islands Manasseh Sogavare on Friday blasted Japan’s discharge of nuclear-contaminated water into the ocean, describing it as an attack on global trust and solidarity.
Sogavare told the General Debate of the UN General Assembly that his country stands with like-minded Pacific islanders and is appalled by Japan’s decision to discharge over 1 million tons of nuclear-contaminated water into the ocean.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.